Saturday, December 21, 2013

IObit Uninstaller Portable 3.0.4 Final

IObit Uninstaller Portable လေးပါ..။ အရင်တုန်းက ဗါးရှင်းတွေနဲ့ မတူတော့ပဲ နောက်ပိုင်းထွက်လာတဲ့ ဗါးရှင်းတွေမှာ အသုံးပြုပုံ အနည်းငယ် ဒီဇိုင်းပြောင်းထားလို့ ဒီနေ့တော့ ဒီ IObit Uninstaller Portable လေးကို အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေ အနည်းငယ်နဲ့ လုပ်ပြပေးထားပါတယ်..။ နောက်ပြီး မိမိတို့ရဲ့ Browser တွေ လေးလံနှေးကွေးနေတယ် ဆိုရင်တော့ ဒီကောင်လေးနဲ့ Browser တွေမှာ လိုက်ကပ်နေတတ်တဲ့ Toolbar တွေကို အလွယ်တကူ ရှာယူ ဖျက်ထုတ်ပစ်လို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးနဲ့ Toolbar တွေကို ထုတ်ပစ်ပြီးရင်တော့ မိမိတို့ရဲ့ Browser တွေဟာ အရင်ကထက် အသုံးပြုရတာ ပိုမို သွက်လက် မြန်ဆန်နေပါလိမ့်မယ်..။ Portable လေးဖြစ်တဲ့အတွက် ၂-ချက်တောက်ပြီး တန်းသုံးယုံပါပဲ..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 9 MB ရှိပါတယ်..။
ဒီကောင်လေးကို ဖွင့်သုံးတဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်း Programs တွေကို တွေ့ရမှာ ဖြစ်ပြီး မိမိတို့ အသုံးမလိုတော့တဲ့ ဆော့ဝဲလ်ကိုတော့ အောက်ကပုံလေးအတိုင်း ကလစ်ပြီး ထုတ်ပစ်နိုင်ပါတယ်..။

Browser တွေမှာ တွယ်ကပ်နေတဲ့ Toolbar တွေကို အောက်ကပုံလေးအတိုင်း တခုစီ ကလစ်ပြီး ဖျက်ထုတ်ပစ်လိုက်ရင် အဆင်ပြေသွားပါပြီ..။ တခုသတိပြုရမှာကတော့ IDM နဲ့ Shock wave flash စာသားပါတဲ့ ကောင်လေးတွေကိုတော့ မထုတ်မိဖို့ လိုပါတယ်..။ 


 IDM နဲ့ Shock wave flash စာသားပါတဲ့ ကောင်လေးတွေကို အောက်ကပုံလေးအတိုင်း ချန်ထားခဲ့ပါ..။




No comments: