Showing posts with label သတင်းများ. Show all posts
Showing posts with label သတင်းများ. Show all posts

Thursday, January 9, 2014

ပြည်ပကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှ MPT မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခ လျှော့ချမည်

အများပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ယခုနှစ်အတွင်း အော်ရီဒူး၊ တယ်လီနော စသည့် ပြိုင်ဘက်ကုမ္ပဏီများ လုပ်ငန်းစတင်ချိန်မှသာ မိုဘိုင်းဖုန်း ခေါ်ဆိုခများ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။ 
 
“ဈေးနှုန်းကိုတော့ အခုချိန်မှာ မပြောနိုင်သေးပေမယ့် လူတိုင်းအဆင်ပြေပြေ သုံးစွဲနိုင်မယ့် ပြည်ပကုမ္ပဏီတွေနဲ့လည်း ယှဉ်နိုင်တဲ့ ဈေးနှုန်းဖြစ်မှာပါ” ဟု ၄င်းက ဆိုသည်။

 နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ ပုဂ္ဂလိက ကုမ္ပဏီအဖြစ် အသွင်ပြောင်းရန် ပြင်ဆင်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက နောက်ပိုင်းတွင် အင်တာနက် သုံးစွဲမှုများကိုလည်း နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ သုံးစွဲသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူသည့် စနစ်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း အဆိုပါဌာနထံမှ သိရသည်။ “မိုဘိုင်းဖုန်း ခေါ်ဆိုခတွေ လျှော့ချတာထက် ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် အရင်လုပ်သင့်တယ်။ ဖုန်းခေါ်ဆိုခတွေ လျှော့လည်း ဒီလိုဝန်ဆောင်မှုတွေပဲ ထပ်ပေးနေမယ်ဆိုရင် ဘာမှမထူးဘူး။
 
 ဒီအချိန်မှာ MPT ကို ပြည်သူတွေ ယုံကြည်လာအောင် လုပ်သင့်နေပြီ။ ပြည်ပကုမ္ပဏီစမှ အသည်းအသန် ပြောင်းမယ်ဆိုရင်တော့ နောက်ကျနေပြီလို့ ထင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။

 ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ စတင်ရန် အဓိကကျသည့် ဆက်သွယ်ရေးလိုင်စင် ရရှိရေးအတွက် တင်ဒါအောင် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနောတို့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် လိုင်စင်ကိစ္စရပ်များကို အပြီးသတ်ဆွေးနွေးနေပြီး ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်နိုင်ဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။
 
 အော်ရီဒူးက ဖုန်းခေါ်ဆိုခ တစ်မိနစ် ၄၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခု ၁၅၀၀ ကျပ်ဖြင့် 3G စနစ် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်မည်ဟု ကြေညာထားပြီး တယ်လီနောက ဖုန်းခေါ်ဆို တစ်မိနစ် ၂၅ ကျပ်၊ ဆင်းမ်ကတ်တစ်ခုလျှင် ၁၅၀၀ ကျပ်ဖြင့် ဝန်ဆောင်မှုများ ပေးမည်ဟု ဆိုထားကာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကမူ မိုဘိုင်းဖုန်း ခေါ်ဆိုခ တစ်မိနစ်လျှင် ၅၀ ကျပ် ကောက်ခံနေသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

Ref: ရိုးရာလေး

Monday, December 30, 2013

အဆိုတော် မဖြစ်ရင် သတ်သေလိုက်မယ်လို့ တွေးခဲ့တဲ့ မြန်မာအဆိုတော်မလေး


ပိုပိုရဲ့ ချစ်ဖူးခဲ့သမျှ အမ်တီဗီမိတ်ဆက်ပွဲအခမ်းအနားကို ၂၇.၁၂.၂၀၁၃ ရက်နေ့က စီးတီးစတားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ အခွေ ပရိုမိုးရှင်းကို ၅.၁.၂၀၁၄မှာ ၁နာရီကနေ ၃ နာရီထိ၊ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှာလုပ်မှာဖြစ်ပြီး ပထမဆုံးလာတဲ့ ပရိသတ်အယောက်၁၀၀ကို တီရှပ်လက်ဆောင်တွေ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ နောက်ထပ်အယောက်၃၀၀ကိုတော့ ပိုပိုဆိုထားတဲ့အခွေ selection တွေလက်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီထဲကနေ ၅ယောက်ရွေးပြီး ပိုပိုနဲ့အတူ အတူညစာစားခွင့်ပေးမှာလည်း ဖြစ်ပါတယ်တဲ့။

‘ပိုဒီအခွေလေးကို စီဒီကနေ အမ်တီဗီလုပ်နေတဲ့ကြားထဲမှာ ၁ နှစ်နဲ့၃ လကြာပါတယ်ရှင့်။ MTV ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုထွန်းထွန်း၊ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗို၊ ကိုနေဒွေး၊ စူးရှ၊ မမိုခမ်း၊ ဦးဝက်မ၊ စိုးပြည့်ပြည့်စံတို့အများကြီးပဲပါပါတယ်ရှင်။ ဒါရိုက်တာတွေအနေနဲ့ကတော့ ကိုဇော်ကြီးရယ်၊ ပိုကိုယ်တိုင်လဲ ရိုက်ထားတယ်။ ဒီခွေထဲမှာဆို ကိုထွန်းထွန်းနဲ့ ဆိုထားတဲ့ သီချင်းလေး ပိုအ၇မ်းအားရတယ်။ ဟိုင်းဝေးလမ်းမှာလဲ သွားရိုက်ထားတယ်။ အိုင်ဒီယာအသစ်လေးနဲ့ပေါ့နော်။ ချစ်ဖူးခဲ့သမျှ ဆိုလဲ တကယ့်ကို ခံစားချက်အစစ်နဲ့ရိုက်ထားပါတယ်’လို့ ပိုပိုက ပြောပါတယ်။

ဂီတကို အရင်ကတည်းက ရူးသွပ်ခဲ့ရတဲ့ သူမက သူမ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ‘ဂီတကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ ၀ါသနာပါရုံဆို ဒီအဆင့်ထိတောင် ရောက်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုဖြတ်သန်းခဲ့ရတာတွေက အရမ်းကိုခက်ခဲပါတယ်။ တကယ်ကို ရူးသွပ်ပြီး မြူးဇစ်မရှိရင်မဖြစ်တဲ့အနေအထားမို့လို့ပါ။ တစ်ခါတစ်လေဆို အဆိုတော်မဖြစ်ရင် ငါသတ်သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးဝင်တဲ့အထိပါပဲ။ ဒုတိယအခွေအတွက်လဲကြိုးစားနေသလို သင်္ကြန်အခွေလေးလဲလုပ်ဖြစ်မယ်ထင်ပါတယ်။ ပိုရဲ့ပရိသတ်ကြီးအားလုံး ပိုပိုလို့သိတဲ့သူတွေကတော့ ပိုပိုဘယ်လိုလေးကြိုးစားရတယ်။သီချင်းလေးတွေက ဘာလေးတွေလဲဆိုတာကအစ သိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်ကြီးမရှိရင် ပိုပိုဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီတော့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်’လို့ဖွင့်ဟသွားပါတယ်။

မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့

Photo: မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့
Monday, December 30, 2013

မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

RFA


မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်းဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအင်တာနက်စာမျက်နှာမှာ
 ဖေါ်ပြထားပါတယ်။
နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

RFA