Tuesday, December 31, 2013

ဖုန်းမှာ Internet Speed နဲ့ Wifi Speed ကိုဖော်ပြပေးနိုင်မယ့် Internet Speed Meter v1.3.3 APK

ဖုန်းနဲ့အင်တာနက်အသုံးပြုသူများအတွက် သင့်တော်မယ့် Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ ပထမအကြိမ် တင်တုန်းကတော့ အခု Application လေးကိုလူကြိုက်တော်တော်များခဲ့ပါတယ်။ အခုလည်း Version အသစ်ထွက်လာလို့ ထပ်ပြီးတင်ပေးလိုက်တာပါဗျာ။ ဒီကောင်လေးက ဘာတွေလုပ်ဆောင်ပေးနိုင် လည်းဆိုရင် Notification Bar မှာ မိမိအသုံးပြုနေတဲ့ Internet Connection ရဲ့ Speed ဘယ်လောက်ရ ရှိနေ လည်းဆိုတာကိုဖော်ပြပေးနိုင်မှာဖြစ်ပါတယ်ဗျာ။ ဒါ့အပြင်မိမိ တစ်နေ့တာအသုံးပြုခဲ့တဲ့ Data Usage တွေ အားလုံးကို မှတ်တမ်းအနေနဲ့သိမ်းထားပေးမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဘောကျလို့ လက်ရှိ အသုံးပြုနေပါတယ်ဗျာ။ ဒါလေးကိုသုံးခြင်းအားဖြင့် မိမိရဲ့ ကွန်နရှင် ကျနေလား မြန်နေလားဆိုတာသိ ရှိနိုင်ပြီး ကျနေတယ်ဆိုရင် ဆက်မသုံးဘဲ ပိတ်ထားနိုင်ပါတယ်ဗျာ။ အဲဒါဆို ရင်တော့ ပိုက်ဆံမကုန်တော့ ဘူးပေါ့။ Speed Meter မရှိဘူးဆိုရင်တော့ ဘယ်လောက်ကျနေမှန်မသိ တက်နေ မှန်းမသိနဲ့ ဖွင့်ပြီးစောင့်နေ ရင်တော့ ဖုန်း Bill ပိုကုန်မှာပေါ့ဗျာ။ Requires Android:2.3.3 and up



 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

NEW YEAR ကို ကြိုဆိုကြရအောင်



Happy New Year GIF
 ဒီည၁၂နာရီ ကျော်တာနဲ့နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ နှစ်ဟောင်းက အညစ်တွေကို နှစ်ဟောင်းမှာပဲ ထားခဲ့လိုက်ကြပါစို့။ နှစ်သစ်မှာ စိတ်သစ်၊လူသစ်နဲ့ ကိုယ်ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင် လျှောက်လှမ်းကြရအောင် ။ အတွေးသစ်၊အမြင်သစ်.......
အသစ်..အသစ်တွေနဲ့ နှစ်သစ်ကိုစလိုက်ကြရအောင်................
ကျွန်တော်ရဲ့ဘော်ဒါကြီများ ဖြစ်တဲ့ ငမင်း၊အောင်ကိုလင်း၊ကိုမင်း၊အာကာ၊ကုလားကြီး၊ငမျိုး တို့နဲ့ နှစ်သစ်ကိုကြိုဆိုလိုက်ကြရအောင်..................


ကျွန်တော်တင်သမျှ ကိုဖတ်ချင်ရင် ဒီမှာLikeလုပ်ပေးပါ

တောင်သာက သူငယ်ချင်းများ (တောင်သာသူ/သားများ ဆုံဆည်းရာ) မှာ Group၀င်ချင်ရင်
ဒီမှာနှိပ်ပေးပါ

အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်.......

နှစ်သစ်မှာ အားလုံးအဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.............
(တောင်သာ) အောင်လေး
www.taungthasoftwaremaster.blogspot.com

Animation တွေနဲ့ အရမ်းမိုက်တဲ့ Live Wallpaper - Space Colony v1.2 APK

အခုကျွန်တော်တင်ပေးလိုက်တဲ့ Live Wallpaper ကတော့ အမိုက်စားဘဲဗျာ။ ညဖက်ကောင်းကင်ပြင်နဲ့ မိုးပျံ တိုက်တွေကို Animation တွေအနေနဲ့ဖန်တီးထားတဲ့ပုံစံမျိုးပါ။ တော်တော်လေးကြည့်လို့ကောင်းပါတယ်။ ရုပ်ထွက်လည်း အဆင့်မြင့်မြင့်ပါဘဲ။ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေကိုကြည့်နိုင်ပါတယ်ဗျာ။ Android OS 2.1 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်ဗျာ။










 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download

အားလုံးအဆင်ပြေကြပါစေ..........
(တောင်သာ) အောင်လေး

Monday, December 30, 2013

ကဗျာများ


`အချစ်ဆုံး´
ဝေးနေတုန်းကလည်း ဝေးလို့မို့ ချစ်နေမိတာပဲ...
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ...
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ...

`အိမ်မက်ချစ်သူ´
အိမ်မက်တွေထဲမှာ အမြဲစိုးမိုးနေသူလေးရယ်...
တစ်ညတစ်လေလည်းမဟုတ်၊ ညတိုင်းညတိုင်း မင်းပဲ စိုးမိုးနေတယ်။
အိမ်မက်တိုင်းမှာ မင်းဟာ မပါမဖြစ်ပဲ...
နေ့ဘက်အိပ်လည်း မင်းပဲ၊
ညဘက်အိပ်လည်း မင်းပဲ၊
ဘယ်အချိန်အိပ်အိပ် မင်းနဲ့ တိုးတာပဲ ချစ်သူ...
မင်းနဲ့တွေ့ချင်လို့ ငါအိပ်ရာကို စောစောဝင်ရတာကိုက အကျင့်တစ်ခု၊
ကြာကြာလေး မင်းနဲ့တွေ့ရဖို့ အိပ်ရာနောက်ကျထရတာကလဲ တစ်ခု၊
အိမ်မက်မက်နေရင်း မင်းနာမည်ကို ယောင်ပြီးအော်မိတာက တစ်ခု၊
ငါ အိပ်ငိုက်နေရင်တောင် မင်းကရောက်လာတတ်တာ၊
ဘာကြောင့်လဲ ချစ်သူ...


ကျွန်တော်တင်သမျှကို Facebook ကနေဖတ်ချင်ရင် ဒီမှာ Likeလုပ်ပေးပါ.......
တောင်သာက သူငယ်ချင်းများ (တောင်သာသူ/သားများဆုံဆည်းရာ) မှာGroup ၀င်ချင်ရင် ဒီကိုနှိပ်ပေးပါ.....
အားလုံးအဆင်ပြေကြပါစေ............
(တောင်သာ) အောင်လေး

အဆိုတော် မဖြစ်ရင် သတ်သေလိုက်မယ်လို့ တွေးခဲ့တဲ့ မြန်မာအဆိုတော်မလေး


ပိုပိုရဲ့ ချစ်ဖူးခဲ့သမျှ အမ်တီဗီမိတ်ဆက်ပွဲအခမ်းအနားကို ၂၇.၁၂.၂၀၁၃ ရက်နေ့က စီးတီးစတားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ သူမရဲ့ အခွေ ပရိုမိုးရှင်းကို ၅.၁.၂၀၁၄မှာ ၁နာရီကနေ ၃ နာရီထိ၊ ရွှေတိဂုံဘုရားတောင်ဖက်မုခ်မှာလုပ်မှာဖြစ်ပြီး ပထမဆုံးလာတဲ့ ပရိသတ်အယောက်၁၀၀ကို တီရှပ်လက်ဆောင်တွေ လက်ဆောင်ပေးမှာဖြစ်ပါတယ်။ နောက်ထပ်အယောက်၃၀၀ကိုတော့ ပိုပိုဆိုထားတဲ့အခွေ selection တွေလက်ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီထဲကနေ ၅ယောက်ရွေးပြီး ပိုပိုနဲ့အတူ အတူညစာစားခွင့်ပေးမှာလည်း ဖြစ်ပါတယ်တဲ့။

‘ပိုဒီအခွေလေးကို စီဒီကနေ အမ်တီဗီလုပ်နေတဲ့ကြားထဲမှာ ၁ နှစ်နဲ့၃ လကြာပါတယ်ရှင့်။ MTV ထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုထွန်းထွန်း၊ ကိုမြင့်မြတ်၊ ကိုကျော်ကျော်ဗို၊ ကိုနေဒွေး၊ စူးရှ၊ မမိုခမ်း၊ ဦးဝက်မ၊ စိုးပြည့်ပြည့်စံတို့အများကြီးပဲပါပါတယ်ရှင်။ ဒါရိုက်တာတွေအနေနဲ့ကတော့ ကိုဇော်ကြီးရယ်၊ ပိုကိုယ်တိုင်လဲ ရိုက်ထားတယ်။ ဒီခွေထဲမှာဆို ကိုထွန်းထွန်းနဲ့ ဆိုထားတဲ့ သီချင်းလေး ပိုအ၇မ်းအားရတယ်။ ဟိုင်းဝေးလမ်းမှာလဲ သွားရိုက်ထားတယ်။ အိုင်ဒီယာအသစ်လေးနဲ့ပေါ့နော်။ ချစ်ဖူးခဲ့သမျှ ဆိုလဲ တကယ့်ကို ခံစားချက်အစစ်နဲ့ရိုက်ထားပါတယ်’လို့ ပိုပိုက ပြောပါတယ်။

ဂီတကို အရင်ကတည်းက ရူးသွပ်ခဲ့ရတဲ့ သူမက သူမ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ‘ဂီတကို ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ ၀ါသနာပါရုံဆို ဒီအဆင့်ထိတောင် ရောက်မယ် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပိုဖြတ်သန်းခဲ့ရတာတွေက အရမ်းကိုခက်ခဲပါတယ်။ တကယ်ကို ရူးသွပ်ပြီး မြူးဇစ်မရှိရင်မဖြစ်တဲ့အနေအထားမို့လို့ပါ။ တစ်ခါတစ်လေဆို အဆိုတော်မဖြစ်ရင် ငါသတ်သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးဝင်တဲ့အထိပါပဲ။ ဒုတိယအခွေအတွက်လဲကြိုးစားနေသလို သင်္ကြန်အခွေလေးလဲလုပ်ဖြစ်မယ်ထင်ပါတယ်။ ပိုရဲ့ပရိသတ်ကြီးအားလုံး ပိုပိုလို့သိတဲ့သူတွေကတော့ ပိုပိုဘယ်လိုလေးကြိုးစားရတယ်။သီချင်းလေးတွေက ဘာလေးတွေလဲဆိုတာကအစ သိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ်ကြီးမရှိရင် ပိုပိုဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီတော့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်’လို့ဖွင့်ဟသွားပါတယ်။

ကဗျာများ

ချစ်ချင်လို့ အပြစ်မမြင်ခဲ့တာလား
အပြစ်မမြင်လို့ ချစ်ချင်ခဲ့တာလား
ငါ့ကိုယ်ငါ ဝေခွဲမရပေမယ့်
အသေအချာတော့

ငါချစ်ခဲ့တယ်။ ချစ်သူ
တစ်ခဏစာတောင်မတွေးဘဲ
တစ်ဘ၀စာအရေးအတွက်
တွေးတောမျှော်မြင်လို့

ရှောင်ပေးခဲ့တယ် ချစ်သူ
နောက်ဆုံးတော့ နင့်ရန်သူအဖြစ်
ခံယူပြစ်လို့ ငါ့ကိုမုန်းလည်း
ရင်ထဲက တခမ်းတနားနဲ့ မင်္ဂလာကိတ် 
နင်သာ မနှိပ်စက်ခဲ့ရင်
ထက်ခြမ်းမကွဲလောက် သေးပါဘူး
နင်သဘောကျ နေသွားပြပါ့မယ်
တစ်ဦးပစ်မှတ် တစ်ဦးဖြစ်လို့
….. ငါ ….. 
ရင်ကွဲရတယ် ချစ်သူ...

ကဗျာများ

 
တစ်ခါမှ မတွေးခဲ့မိတာက
အချစ်က အရာရာကို ပြောင်းလဲပေးနိုင်တယ်ဆိုတာပဲ

တစ်ခါက ငါအကြိုက်ဆုံးဆိုတဲ့ အစားအစာတွေတောင်
နင်မကြိုက်ဘူးဆိုတဲ့အတွေးနဲ့
ငါ လှည့်မကြည့်တတ်တော့ဘူး

တစ်ခါက ငါမုန်းပါတယ်ဆိုတဲ့
အရာတွေလည်း နင့်သဘောကျ
ငါနှစ်သက်တတ်နေပြီ

ချစ်သူရေ ငါတွေးဖူးတာက
ငါ့ကိုယ်ငါ ဖယောင်းမဟုတ်ဘူးဆိုပြီး မာကြောခဲ့တာလေ
ခုတော့် ငါက ဖယောင်းလူသား လုံးဝဖြစ်နေပြီ

အရာရာ နင့်စိတ်တိုင်းကျ
အရာရာ နင့်အလိုကျ
အရာရာ နင်ဖြစ်ချင်သမျှ
ငါဖြည့်ဆည်းပေးချင်တယ်ဆိုတာပဲ ရှိတော့်တယ်
ချစ်သူရယ်
ဘယ်သူတွေဘယ်လိုပြောင်ပြောင်း
ငါခေါင်းမရွှေ့ပဲ
နင့်ကိုပဲချစ်နေမယ်နော်

ကဗျာများ










ကျွန်တော်တင်သမျှကို Facebook ပေါ်ကဖတ်ချင်ရင် ဒီမှာLike လုပ်ပေးပါ
တောင်သာ ကသူငယ်ချင်းများ (တောင်သာသူ/သားများ ဆုံဆည်းရာ)မှာ Group ၀င်ချင်ရင်
ဒီမှာနှိပ်ပေးပါ.........
အားလုံးအဆင်ပြေကြပါစေ........
(တောင်သာ) အောင်လေး

သပြေပင်အိုဘ၀ နဲ့ပဲရှင်ပါရစေ

မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့

Photo: မြန်မာ နဲ့ ဖိလစ်ပိုင် ပြည်ဝင်ခွင့် ဗီဇာ မလိုတော့
Monday, December 30, 2013

မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

RFA


မြန်မာ နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တဲ့အတွက် ရိုးရိုး ဗီဇာ ကိုင်ဆောင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လာမယ့်နှစ် ဇန်န၀ါရီ (၄) ရက်နေ့က စပြီး၊ မြန်မာနိုင်ငံတွင်းကို ဗီဇာမလိုဘဲ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပြီး (၁၄) ရက်အထိ နေထိုင်နိုင်ပြီဖြစ်ကြောင်းဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအင်တာနက်စာမျက်နှာမှာ
 ဖေါ်ပြထားပါတယ်။
နှစ်နိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက် သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ပြီး၊ ရက် (၃၀) အထိ နေထိုင် နိုင်မှာဖြစ်ပါတယ်။

RFA

Wrong-IMEI-No-Network-Galaxy-S3-S4-Note2 မှာဖုန်းပြန်ပြောလိုရအောင်လုပ်နည်း

Wrong-IMEI-No-Network-Galaxy-S3-S4-Note2မှာ ဖုန်းပြန်ပြောလိုရအောင်လုပ် နည်းလေပါ။ကျွန်တော် Note 2 Version4.3 တင်ပြီး Version 4.1.2 ပြန်ဆင်းလိုက်တာ Network error ဖြစ်ပြီး IMEI လည်းပြောင်းသွားပြီး ဖုန်းပြောလိုမရတော့ဘူး။ကျွန်တော်ဒီနည်းလေနဲ့ စမ်းလိုက်တာ အဆင်ပြေသွားလို ပြန်တင်ပေးလိုက်တာပါ။လုပ်ပုံလုပ်နည်းလေးကတော့ Odin ထဲကနေပြီးတော့ သူ Model နဲ့ ဆိုင်တဲ့ Tar ဖိုင်းလေ တွေကို PDA နေရာမှာထားပြီး Start ပေးလိုက်ရုံနဲ့ ပါဘဲ အောက်ကပုံလိုပါခင်ဗျာ။

SAMSUNG SCH-I619 FIRMWARE လေးပါ


Androidဖုန်းတွေကို Iphone 5s Lock Style


အလန်းလွန် အလွန်လန်းတဲ့ - VirtuaGirl Live Wallpaper v1.6 Apk


Facebook 4.0.0 အသစ်ထွက် လာပြီးနော်

 
facebook လဲ viber လိုပဲ version 4.0.0  ထွက်လာပါပီ။ မရှိသေးတဲ့ သူငယ်ချင်းများအတွက်ပါ။
 
  
ကျွန်တော်တင်သမျှကို Facebook ပေါ်မှာဖတ်ချင်ရင် ဒီမှာLike လုပ်ပေးပါ
 
တောင်သာ ကသူငယ်ချင်းများ ( တောင်သာသူ/သားများဆုံဆည်းရာ) မှာ Group ၀င်ချင်ရင် ဒီမှာနှိပ်ပေးပါ
              အားလုံးအဆင်ပြေကြပါစေ.................
(တောင်သာ) အောင်လေး

Deer Hunter 2014 MOD v1.0.2 (Unlimited Glu Credits & Money)


IMEI ကို*#06# မခေါ်ဘဲ Widgets လေးထားပြီးစစ်ရအောင်





IMEIကို*#06# မခေါ်ဘဲ Widgets လေးထားပြီးစစ်ကြတာပေါ့။အရင်ဆုံး အောက်ကပေးထားတဲ့Apk လေးကိုဒေါင်းလိုက်ပါပြီးရင် Install လုပ်လိုက်ပါ။ အားလုံးလုပ်ပြီးရင် Widgets ထဲကိုဝင်ပြီးIMEI ဆိုတဲ့ကောင်လေး ကို Screen ပေါ်တင်ထားလိုက်ပါ။အဲ့ကောင်လေးကိုနှိပ်လိုက်တာနဲ့IMEI လေးတန်းပေါ် လာပါပြီး။

ကျွန်တော်တင်သမျှကို Facebook ပေါ်မှာဖတ်ချင်ရင် ဒီမှLike လုပ်ပေးပါ

                                              ဒီမှ Downပါ
အားလုံးအဆင်ပြေကြပါစေ................
(တောင်သာ) အောင်လေး

Digital Life Journal Issue Vol-2 ၊ Issue 34 (30.12.13)

Digital Life ဂျာနယ်ကို အပတ်စဉ် တင်္နလာနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ဗျာ။ Digital Life ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်တာပါဗျာ။ Digital Life ဂျာနယ်ဝယ်ဖတ်စရာမလိုတော့ဘူးပေါ့။ အခုအပတ်မှာ Digital Life Journal Vol(2), Issue (34) ကို တင်ပေး လိုက်ပါတယ်ဗျာ။ ဒီနေ့ 30 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။

Credit to ==> https://www.facebook.com/MyanmarDigitalLife


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Download
အားလုံးအဆင်ပြေကြပါစေ...........
တောင်သာ (အောင်လေး)

Windows Lunix 2013 best and most beautiful !!!(10Mb) ၀င်းဒိုးအခွေလန်းလန်းလေးနော်...

ကျွန်တော်ဒီနေ့သူငယ်ချင်းတို့အတွက် Windows Lunix 2013 ကိုတင်ပေးလိုက်ပါတယ်။ New Lasted
Version လေးဖြစ်တဲ့အတွက်သူငယ်ချင်းတို့ကြိုက်ကြမယ်လို့ထင်ပါတယ်။ပါဝင်တဲ့ဒီဇိုင်းတွေကအရမ်းလန်းပါ
တယ်။အောက်မှာပုံလေးကိုအရင်ကြည့်လိုက်ပါ။တစ်ခါတည်းပါဝင်ပြီးဆောစ်ဝဲတွေကလည်းစုံလင်ပါတယ်။
iSO ဖိုင်ဖြင့် CD 683Mb ၇ှိတာကြောင့်ဒီတစ်ခါအားလုံးအဆင်ပြေအောင် Torrent လင့်ကနေတင်ပေး
လိုက်ပါတယ်။ဘယ်လိုဒေါင်းလော့စ်ဆွဲရမယ်ဆိုတာကိုဒေါင်းလော့စ်ဖိုင်ထဲမှာရှင်းပြထားပါတယ်။ Torrent 
ဆော့စ်ဝဲနှင့်အတူ ၀င်းဒိုးဖိုင်ကိုပါတစ်ခါတည်းထည့်ပေးထားပါတယ်။အရင်ဆုံးမိမိဝင်းဒိုးနဲ့သက်ဆိုင်ရာကို
Torrent 32bit / Torrent 64bit စသည်တို့ကိုရွေးပြီးအင်စတောလုပ်လိုက်ပါ။ပြီးမှ Windows Lunix
ဖိုင်ကိုခေါ်ယူပြီးထပ်မံဒေါင်းလော့စ်လုပ်ယူပါ။ဒေါင်းလော့စ် Speed မြန်ဆန်မှုရှိပြီး Resume download
ရရှိတဲ့အတွက်အချိန်သက်သာစေပါတယ်။ ဒေါင်းပြီးဖိုင်ကိုဖွင့်လိုက်ရင် How to Use ဆိုတာကိုအရင်နှိပ်ပြီးဖတ်ပေးပါ။အောက်မှာနောက်ထပ်ပါဝင်လာတဲ့ဆော့စ်ဝဲတွေကတော့....

What has been affixed
=================
Adobe Flash plugin
Adobe Flash activeX
Flash player 11
Internet Explorer 8
SATA Drivers
Windows Media Player 11

Software CDs compulsory
****************************
Atomic Alarm Clock 6.2
crystalizexp 2.0
DrvSpace
RocketDock 1.3.5
Styler
UberIcon
VisualTaskTips
XnShellEx
YZSHADOW

Optional software CDs
****************************
AIMP 3.5
Foxit Reader 5
Internet Download Manager
Mozilla Firefox
GOM Player
Picasa 3
Revo Uninstaller 1.95
Skype 6.9
UltraISO 9.36
WinRAR 5.0 B.6
Yahoo Messenger 11[/quote]


ပုံဒီဇိုင်းတွေကိုလည်းကြည့်လိုက်ကြစို့သူငယ်ချင်းရေ...
















ဒီဇိုင်းတွေဘယ်လိုလန်းတယ်ဆိုတာတွေ့မြင်ရပြီလားသူငယ်ချင်းလားဒါဆိုရင်တော့အောက်မှာဆွဲလိုက်
ကြတာပေါ့နော်....

 
ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


Install Notes :-

1. Burn Iso in DVD with any burner or Make Bootable PanDrive/USB
2. then reboot your system
3. then press any key
4. format and Install it
5. AND INJOY :)

ကျွန်တော်အခုတင်သောဖိုင်သည် Torrent ဖိုင်ကနေသူငယ်ချင်းတို့စတင်ပြီးသုံးတတ်စေရန်
ရယ်ရွယ်သောအားဖြင့်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဖိုင်ဆိုဒ်ကြီးများကိုအချိန်ကုန်သက်သာပြီး
မြန်ဆန်မှုရှိစေရန် Torrent အသုံးပြုခြင်းအဆင်ပြေပါတယ်။ Torrent နဲ့ပတ်သက်ပြီးနားမလည်ပါက
ဒီမှာနှိပ်ပြီး Torrent အကြောင်းဝင်ဖတ်နိုင်ပါတယ်ခင်ဗျာ...။

သူငယ်ချင်းတွေကိုထပ်ပြီး ရှယ် ဖို့မမေ့နဲ့နော်..သူငယ်ချင်းတို့ရေ...

အဆင်ပြတယ်မပြေဘူးဆိုလေးတွေပြောကြားပေးခဲ့ပါအုန်းချစ်သယ်ရင်းတို့ရေ...
(မပြေရင်လည်းဘာ့ကြောင့်လည်းဆိုတာထည့်ပြောပေးပါ)

 Install Notes :-

1. Burn Iso in DVD with any burner or Make Bootable PanDrive/USB
2. then reboot your system
3. then press any key
4. format and Install it
5. AND INJOY :)

http://adfoc.us/14251336417557 
(or)

http://adfoc.us/14251336460599 
(or)

http://bc.vc/EwUsi3 
(or)

http://adfoc.us/14251336460650 

               အားလုံးအဆင်ပြေကြပါစေ..............
(တောင်သာ) အောင်လေး