Showing posts with label အီလက်ထရောနစ် အခြေခံ. Show all posts
Showing posts with label အီလက်ထရောနစ် အခြေခံ. Show all posts

Wednesday, January 1, 2014

Diode ( ဒိုင်အုပ် )

Diode (ဒိုင်အုပ်) ဆိုသည်မှာ လျပ်စီးကြောင်းများကို ဦးတည်ရာတစ်ဖက်တည်းကိုသာ သီးသန့် စီးဆင်းခွင့်ပြုသောအီလက်ထရောနစ် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ ဂုဏ်သတ္တိကြောင့် ဒိုင်အုပ်များကို လျပ်စီးပြုပြင် ပြောင်းလဲသော နေရာများမှာ အသုံးများပါတယ်။
ဒိုင်အုပ်ရဲ့ ငုတ်တစ်ဖက် တစ်ချက်ဆီကို Anode နဲ့ Cathode လို့ သတ်မှတ်ထားပါတယ်။
သာမန်ဒိုင်အုပ်တွေမှာ ဒိုင်အုပ်ရဲ့ ငုတ်တစ်ဖက်မှာရှိတဲ့ အရောင်လိုင်းလေးကို ကြည့်ပီး Anode နဲ့ Cathode ကို အလွယ်တကူပဲခွဲခြားနိုင်ပါတယ်။

Diode ရဲ့ သာမန်အလုပ်လုပ်ပုံမှာ
Anode မှ Cathode သို့ အပေါင်းဗို့ကိုသာ သီးသန့် စီးဆင်းစေပါတယ်။
Cathode မှ Anode သို့ အနုတ်ဗို့ကိုသာ သီးသန့် စီးဆင်းစေပါတယ်။

                                             (အပေါင်းဗို့သာ စီးဆင်းခွင့်ပြုပုံ)

                                              (အနုတ်ဗို့ကိုသာ စီးဆင့်ခွင့်ပြုပုံ)

Zener Diode တွေကို ဗို့အားတည်ငြိမ်စေရန် အီလက်ထရောနစ်ပါတ်လမ်းများမှာ အသုံးပြုကြပါတယ်။
Diode ရဲ့ သတ်မှတ်ထားတဲ့ ဗို့အားကို ဖြတ်သန်းစီးဆင်းစေပြီး သတ်မှတ်ဗို့အားထက် ကျော်လွန်လာပါက Break Down ( ပြိုပျက်) အခြေနေကို ရောက်သွားစေပါတယ်။ Zener Diode ရဲ့ သတ်မှတ်ဗို့အားကို ဒိုင်အုပ်ရဲ့ ကိုယ်ထည်ပေါ်မှာ ရေးသားဖော်ပြပေးထားပါတယ်။

SMD ဒိုင်အုပ်တွေနဲ့ အခြား ဖွဲ့စည်းပုံမတူတဲ့ဒိုင်အုပ်များကိုတော့ Multimeter(မျိုးစုံတိုင်းနိုင်သော မီတာ) ဖြင့်သာတိုင်းတာပြီး ခွဲခြားနိုင်ပါမယ်။
အီလက်ထရောနစ်ပါတ်လမ်းများမှာ တွင်ကျယ်စွာ အသုံးပြုကြတဲ့ ဒိုင်အုပ်တွေကတော့
Rectifier Diode
Zener Diode
Switching Diode တို့ ဖြစ်ပါတယ်။
Diode တစ်လုံးရဲ့ အမျိုးအစား၊ အလုပ်လုပ်နိုင်မူ၊ဗို့အားခံနိုင်မူတို့ကို ဒိုင်အုပ်အချက်အလက်ဇယားမှာ ပြည့်စုံစွာ ကြည့်ရူလေ့လာနိုင်ပါတယ်။
 
အားလုံးအဆင်ပြေကြပါစေ...........
(တောင်သာ) အောင်လေး

အခြေခံ Battery Phone charger လေးပါ ညဏ်ရှိသလိုအသုံးပြုနိုင်ပါတယ်..

IC 1 = 7805=5v, 7812=4.5v ,7808 =8v (Power transistor or IC)
R1 = 5 Ohm, 2 Watt,(Resistor)Current limitter အတွက်ပါ
C1, C2 = 10uF/ 25V,(condenser)
D1 = 1N4007, 1N4001(အမှားခံအတွက်)
Battery, any 12 volt 
အောက်ကတော့ Circuit Diagram ပုံလေးပါ.

                                 Credit to All...
အားလုံးအဆင်ပြေကြပါစေ.........
(တောင်သာ) အောင်လေး

Monday, December 23, 2013

Resistor ( ရီစစ္စတာ ) - အပိုင်း (၄)

ရီစစ္စတာများကို တန်းဆက် ဆက်သွယ်ခြင်း ( Series )

ရီစစ္စတာများကို ခုခံမူတန်ဖိုး တူညီသည်ဖြစ်စေ မတူညီသည်ဖြစ်စေ အရေအတွက် အကန့်
အသတ်မရှိ ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်သော ရီစစ္စတာများရဲ့ ခုခံမူတန်ဖိုးများ အားလုံးကို ပေါင်း
ပေးရပါမယ်။ အပူဒဏ် ခံနိုင်မူ့ Watt ကိုတော့ ဆက်သွယ်ထားသောရီစစ္စတာများထဲမှ Watt တန်ဖိုး အနည်းဆုံး ရီစစ္စတာရဲ့ Watt ကို ယူရပါမယ်။
R1 = 10 Ohm , R2 = 10 Ohm , R3 = 10 Ohm
စုစုပေါင်း တန်ဖိုး = 10 + 10 + 10
                     = 30 Ohm

ဒီလောက်ဆို တန်းဆက် ဆက်သွယ်ထားသော ရီစစ္စတာတွေရဲ့ တန်ဖိုးကို သိနိုင်မယ်ထင်ပါတယ်ဗျာ....

 ရီစစ္စတာများကို ပြိုင်ဆက် ဆက်သွယ်ခြင်း ( Parallel )

ရီစစ္စတာများကို တန်းဆက် ဆက်သွယ်နိုင်သကဲ့သို့ ပြိုင်ဆက်လည်း ဆက်သွယ်နိုင်ပါတယ်ဗျာ။
ခုခံမူတန်ဖိုးတူညီသော ရီစစ္စတာများ ပြိုင်ဆက် ဆက်သွယ်ခြင်း နဲ့
ခုခံမူ့တန်ဖိုးမတူညီသော ရီစစ္စတာများ ပြိုင်ဆက် ဆက်သွယ်ခြင်း လို့ နှစ်မျိုး ရှိပါတယ်။

ခုခံမူတန်ဖိုး တူညီသော ရီစစ္စတာများကို ပြိုင်ဆက်ဆက်သွယ်ပါက စုစုပေါင်း တန်ဖိုးကို သိလိုတယ်ဆိုရင်
ဆက်သွယ်ထားသော ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို ဆက်သွယ်သော ရီစစ္စတာအရေအတွက်နဲ့ စားပေးရပါမယ်။Watt ကိုတော့ ရီစစ္စတာအားလုံးရဲ့ Watt ပမာဏကို ပေါင်းပေးရပါတယ်။
R1 = 30 Ohm(1 W), R2 = 30 Ohm(1 W), R3 = 30 Ohm (1 W)
စုစုပေါင်းတန်ဖိုး = 30/3 ( 1+1+1 W)
                    = 10 Ohm 3 Watt

ခုခံမူ့တန်ဖိုး မတူညီသော ရီစစ္စတာများကို ပြိုင်ဆက်ဆက်သွယ်ပါက စုစုပေါင်းတန်ဖိုးကို သိလိုတယ်ဆိုရင်
ဘုံဆခွဲကိန်းနည်းဖြင့် အဖြေထုတ်ပါတယ်။

R1 = 1 Ohm, R2 = 2 Ohm, R3 = 3 Ohm
စုစုပေါင်းတန်ဖိုး = 1/1 + 1/2 + 1/3
                    = 6/6 + 3/6 + 2/6
                    = 11/6
                    = 1.83 Ohm ( သီအိုရီအရ ဖြစ်ပြီး လက်တွေ့တွင် ခုခံမူ့အနည်းဆုံး ရီစစ္စတာမှ လျပ်စီးကို ဦးစွာ စီးဆင်းစေပါတယ်။)

ကဲ...အခုဆိုရီစစ္စတာတွေကိုတန်းဆက်ဆက်သွယ်ခြင်းနဲ့ပြိုင်ဆက်ဆက်သွယ်ခြင်းကို ကောင်းစွာသိသွားပြီလို့ ထင်မြင်မိပါတယ်ဗျာ....။

Resistor ( ရီစစ္စတာ) - အပိုင်း ( ၃ )

ရီစစ္စတာများကို သေးငယ်သော
အရွယ်အစားဖြင့် ပုံနှိပ်သော နည်းပညာကို အသုံးပြုလာကြပါတယ်။ ၄င်း ရီစစ္စတာများရဲ့
ခုခံမူ တန်ဖိုးကိုလဲ အရောင်များဖြင့် မဟုတ်တော့ပဲ ဂဏန်းများ၊ အက္ခရာများဖြင့် ပြောင်းလဲ
ရေးသားလာကြပါတယ်။ အရောင်လိုင်း ရီစစ္စတာများကဲ့သို့ပင် ဂဏန်းများကို သုံးလုံးဖြင့်
လည်းကောင်း။ ဂဏန်း လေးလုံးဖြင့်သော်လည်းကောင်း ရေးသားဖော်ပြထားပါတယ်။

ဂဏန်း သုံးလုံးဖြင့် ဖော်ပြသော ရီစစ္စတာ တန်ဖိုးတွက်နည်း

ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 101 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမ ဂဏန်းရဲ့ နောက်မှာဆိုတော့ 10 ပေါ့ဗျာ )
တတိယ ဂဏန်း = 1 ( သုည အရေတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 100 ပေါ့ )
ဒါဆို (101) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးက 100 Ohm လို့ အဖြေထွက်တာပေါ့ဗျာ။
အရောင်လိုင်းတွေနဲ့ထက်တောင် ပိုလွယ်သေးတယ်။

ဂဏန်း လေးလုံးဖြင့် ဖော်ပြထားသော ရီစစ္စတာ တန်ဖိုးတွက်နည်း

ပထမဆုံး(ရှေ့ဆုံး)ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို ခုခံမူတန်ဖိုး တတိယဂဏန်းအဖြစ် ယူပါ။
စတုထ္တဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 1001 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 10 )
တတိယ ဂဏန်း = 0 ( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ 100 )
စတုထ္တ ဂဏန်း = 1 ( သုည အရေအတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 1000 ပေါ့။)
ဒါဆို ( 1001 ) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူတန်ဖိုးက 1000 Ohm လို့ အဖြေထွက်ပါတယ်။
    1000 Ohm ဆိုတော့ 1 K Ohm ပေါ့။
(ခုခံမူတန်ဖိုးများ 1000 မှ 1000 ကျော်လျင် ကီလိုအုမ်း ဖွဲ့ရပါမယ်။)

ဒီလောက်ဆိုရင် ဂဏန်းတွေနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို ခုခံမူတန်ဖိုး တွက်နိုင်လိမ့်မယ် ထင်ပါတယ်။

Resistor ( ရီစစ္စတာ) - အပိုင်း ၂

အရောင်လိုင်း ငါးလိုင်းဖော်ပြထားသော ရီစစ္စတာများ

အရောင်လိုင်း ငါးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာတွေရဲ့ တန်ဖိုးကို တွက်ဖို့ အောက်ပါအတိုင်း အရောင်လိုင်းတွေကို သတ်မှတ်လိုက်ပါ။

တွက်နည်းကတော့ အရောင်လိုင်း လေးလိုင်း ရီစစ္စတာ တွက်နည်းနဲ့ အနည်းငယ်သာ ကွာခြားပါတယ်။
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း တတိယ ဂဏန်းအဖြစ်ယူပါ။
စတုထ္တလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရောအတွက် ယူပါ။
ပဉ္စမလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

(ညို) (နက်) (နက်) (ညို) (ရွှေ) ဆိုတဲ့ အရောင်လိုင်း ငါးလိုင်းနဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်
ပထမ အရောင် (ညို) = ၁
ဒုတိယ အရောင် (နက်) = ၀ <ဒုတိယဂဏန်း ဆိုတော့ ၁၀ >
တတိယအရောင် (နက်) = ၀ <တတိယဂဏန်း ဆိုတော့ ၁၀၀ >
စတုထ္တအရောင် (ညို) = ၁ <သုညအရေအတွက် ဖြည့်ဆိုတော့ ၁၀၀၀ >
အရောင်လိုင်း လေးလိုင်းကို တွက်လို့ ရလာတဲ့အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူတန်ဖိုးပါ။ ပဉ္စမအရောင်လိုင်းက အမှားရာခိုင်နှုန်းပါ။

(ညို) (နက်)(နက်)(ညို) = 1000 Ohm ပါ။ လွယ်တယ်မို့လားဗျ။

ရီစစ္စတာများရဲ့ ခုခံမူတန်ဖိုးများကို အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်ကြပါတယ်။
ခုခံမူတန်ဖိုး ၁၀၀၀ မှ ၁၀၀၀ ကျော်လျှင် ကီလိုအုမ်း (K) ပြောင်းရပါတယ်။
ခုခံမူတန်ဖိုးကို ၁၀၀၀ ဖြင့် စားလျှင် ကီလိုအုမ်းရပါတယ်။
ဥပမာ။ ။ 1000 Ohm = 1 K Ohm ပေါ့ဗျာ။

ခုခံမူတန်ဖိုး ၁၀၀၀ ၀၀၀ မှ ၁၀၀၀ ၀၀၀ ကျော်လျှင် မဂ္ဂါအုမ်း (M) ပြောင်းရပါတယ်။
ခုခံမူတန်ဖိုးကို ၁၀၀၀ ၀၀၀ ဖြင့် စားလျှင် မဂ္ဂါအုမ်းရပါတယ်။
ဥပမာ။ ။ 1000 000 Ohm = 1 M Ohm ပေါ့။

အလားတူပဲ ခုခံမူတန်ဖိုး ကီလိုအုမ်း (K) တစ်ထောင်မှ တစ်ထောင်ကျော်လျှင် မဂ္ဂါအုမ်း(M) ပြောင်းရပါတယ်။
ဥပမာ။ ။ 1000 K Ohm= 1 M Ohm ပေါ့ဗျာ။

ဒီလောက်ဆိုရင် အရောင်လိုင်းများနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို အောင်မြင်စွာ တွက်ချက်ပီး တန်ဖိုးတွေကို သိရှိနိုင်ကြပါတယ်ခင်ဗျာ.....။

Resistor ( ရီစစ္စတာ )

Resistor ဆိုသည်မှာ AC \ DC လျပ်စီးကြောင်းများနဲ့ Signal လို့ ခေါ်တဲ့ အချက်ပြလှိုင်းများကို မူလစွမ်းအင်မှ လျော့နည်းသွားအောင် လျော့ချ ခုခံပေးသော ပစ္စည်းဖြစ်ပါတယ်။ လျော့ချခုခံနိုင်မူ တန်ဖိုးကို Ohm ဖြင့် သတ်မှတ်ပီး အပူဒဏ်ခံနိုင်မူကို Watt ဖြင့် သတ်မှတ်ပါတယ်။

Resistor တစ်လုံးရဲ့ ခုခံနိုင်မူကို Resistor ရဲ့ ကိုယ်ထည်ပေါ်မှာ အရောင်လိုင်းများဖြင့်လည်းကောင်း၊
Code ဂဏန်းများဖြင့်လည်းကောင်း ဖော်ပြထားပါတယ်။ အဆိုပါ အရောင်လိုင်းများ၊ Code ဂဏန်းများ
ရဲ့ တန်ဖိုးများကို သိထားမယ်ဆိုရင်တော့ အဆိုပါ Resistor ရဲ့ ခုခံမူတန်ဖိုးကို သိနိုင်မှာ ဖြစ်ပါတယ်။

အရောင်လိုင်းများဖြင့် ဖော်ပြထားသော ရီစစ္စတာများ

ရီစစ္စတာများရဲ့ တန်ဖိုးကို ကိုယ်ထည်ပေါ်မှာ အရောင်လိုင်း ၄ လိုင်း၊ ၅ လိုင်းဖြင့် ဖော်ပြထားတတ်ပါတယ်။
ဖော်ပြထားတဲ့ အရောင်တွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
အနက်ရောင်    = ဝ
အညိုရောင်     = ၁
အနီရောင်       = ၂
လိမ္မော်ရောင်   = ၃
အ၀ါရောင်      = ၎
အစိမ်းရောင်    = ၅
အပြာရောင်     = ၆
ခရမ်းရောင်     = ၇
မီးခိုးရောင်      = ၈
အဖြူရောင်     = ၉
ရွှေရောင်       = ဒသမ တစ်နေရာ ဖြတ်ရန် ( အမှား ၅ % )
ငွေရောင်       = ဒသမ နှစ်နေရာ ဖြတ်ရန်(အမှား၁၀%)
ဟု အရောင်တစ်ရောင်ချင်းစီမှာ တန်ဖိုးသတ်မှတ်ချက် တစ်ခု သတ်မှတ်ထားပါတယ်။

ရီစစ္စတာရဲ့ ကိုယ်ထည်ပေါ်မှာ ဖော်ပြထားတဲ့ အရောင်လိုင်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေကို သိရှိပီးပီဆိုတော့ ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို တွက်ကြည့်ကြရအောင်ဗျာ။ အရောင်လိုင်း လေးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာကို အရင်တွက်ပြပါ့မယ်။
ပထမဆုံး ရီစစ္စတာရဲ့ အရောင်လိုင်းတွေကို အောက်မှာပြထားတဲ့အတိုင်း သတ်မှတ်လိုက်ပါ.......
အဲဒီလို သတ်မှတ်ပီးသွားပီဆိုရင် အောက်က တွက်နည်းလေးအတိုင်း အစားထိုးတွက်ကြည့်ရအောင်........
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရေအတွက်ဖြည့်ပါ။
စတုထ္တလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

အခုပုံမှာပြထားတဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်....(ညို) (နက်) (ညို) ပေါ့ဗျာ...
ပထမလိုင်းအရောင် (အညိုရောင်) = ၁
ပထမ ဂဏန်းအဖြစ် ယူပါဆိုတော့ (၁) ပေါ့ဗျာ...စပီနော်..
ဒုတိယလိုင်း အရောင် ( အနက်ရောင်) = ဝ
ဒုတိယ ဂဏန်းအဖြစ်ယူပါဆိုတော့ ပထမဂဏန်းရဲ့ နောက်ပေါ့ဗျာ..( ၁၀ ) ပေါ့
တတိယလိုင်း အရောင် ( အညိုရောင် ) = ၁
တန်ဖိုးအတိုင်း သုည အရောအတွက်ဖြည့်ပါဆိုတော့.. တန်ဖိုးက (၁) ဆိုတော့ သုညတစ်လုံးပေါ့။
(၁၀) ကို သုည တစ်လုံး ထပ်ဖြည့်လိုက်တော့ ( ၁၀၀ ) ပေါ့ဗျာ..။

အရောင်လိုင်းသုံးလိုင်းကို တွက်လိုက်လို့ ရလာတဲ့ အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးပါ။ခုခံမူတန်ဖိုးကို
Ohm နဲ့ သတ်မှတ်တယ်ဆိုတော့ အပေါ်မှာ တွက်ပြလိုက်တဲ့ ရီစစ္စတာရဲရ ခုခံမူ တန်ဖိုးက 100 Ohm
လို့ အဖြေထွက်ပါတယ်ဗျာ။

ညို နက် ညို = 100 Ohm ပေါ့။
စတုထ္တလိုင်းက အမှားရာခိုင်နှုန်းပါ။ အပေါ်မှာက ရွှေရောင်ဆိုတော့ အမှား ၅% ပေါ့။

ညို နက် ညို ရွှေ = 100 Ohm 5% လို့ အဖြေထွက်လာပါတယ်။ လွယ်တယ်မို့လားဗျ ။

Analog meter ဖြင့် Resistor တိုင်းနည်း

1.Ohm တိုင်းရာတွင် လို့သာညွှန်းထားတာပါ ပြည့်စုံအောင်ရေးဖို့ရာ မလွယ်ပါဘူး ပထမဆုံးအနေနဲ့ Resistor အကြာင်းလေးအရင် တတ်နိုင်သလောက်ရှင်းပြပါမယ်
၁.Resistor ဆိုသည်မှာ AC \ DC လျပ်စီးကြောင်းများနဲ့ Signal လို့ ခေါ်တဲ့ အချက်ပြလှိုင်းများကို မူလစွမ်းအင်မှ လျော့နည်းသွားအောင် လျော့ချ ခုခံပေးသော ပစ္စည်းဖြစ်ပါတယ်။ လျော့ချခုခံနိုင်မူ တန်ဖိုးကို Ohm ဖြင့် သတ်မှတ်ပီး အပူဒဏ်ခံနိုင်မူကို Watt ဖြင့် သတ်မှတ်ပါတယ်။ Resistor ဆိုသည်မှာ ခုခံမှု့။ခုခံမှုဆိုသည်မှာ ၀င်လာသောလျှပ်စီးကို ohm တန်ဖိုးအနည်းအများလိုက် ခုခံ ထားနိုင်သော ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ohm တန်ဖိုးနည်းလျင် ခုခံမှုနည်း၍ ohm တန်ဖိုးများလျင် ခုခံမှုများပါတယ်။
Resistor AC နှင့် DCကတော့ဖြတ်သန်းနိုင်သော်လည်း Volt ကို လျှော့ပေးနိုင်သော အစွမ်းမရှိပါ Ampere ကိုသာ လျှော့ချပေးနိုင်ပါတယ် ..  (အပေါင်း အနုတ် မရှိပါ)

Resistor တစ်လုံးရဲ့ ခုခံနိုင်မူကို Resistor ရဲ့ ကိုယ်ထည်ပေါ်မှာ အရောင်လိုင်းများဖြင့်လည်းကောင်း၊
Code ဂဏန်းများဖြင့်လည်းကောင်း ဖော်ပြထားပါတယ် မပြရင်လည်း ဆားကစ်မှာ တနည်းနည်းနဲ့ပြလေ့ရှိပါတယ် အဆိုပါ အရောင်လိုင်းများ၊ Code ဂဏန်းများ
ရဲ့ တန်ဖိုးများကို သိထားမယ်ဆိုရင်တော့ အဆိုပါ Resistor ရဲ့ ခုခံမူတန်ဖိုးကို သိနိုင်မှာ ဖြစ်ပါတယ်။

အရောင်လိုင်းများဖြင့် ဖော်ပြထားသော ရီစစ္စတာများ

ရီစစ္စတာများရဲ့ တန်ဖိုးကို ကိုယ်ထည်ပေါ်မှာ အရောင်လိုင်း ၄ လိုင်း၊ ၅ လိုင်းဖြင့် ဖော်ပြထားတတ်ပါတယ်။
ဖော်ပြထားတဲ့ အရောင်တွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

အနက်ရောင်    = ဝ
အညိုရောင်     = ၁
အနီရောင်       = ၂
လိမ္မော်ရောင်   = ၃
အ၀ါရောင်      = ၎
အစိမ်းရောင်    = ၅
အပြာရောင်     = ၆
ခရမ်းရောင်     = ၇
မီးခိုးရောင်      = ၈
အဖြူရောင်     = ၉
ရွှေရောင်       = ဒသမ တစ်နေရာ ဖြတ်ရန် ( အမှား ၅ % )
ငွေရောင်       = ဒသမ နှစ်နေရာ ဖြတ်ရန်(အမှား၁၀%)
ဟု အရောင်တစ်ရောင်ချင်းစီမှာ တန်ဖိုးသတ်မှတ်ချက် တစ်ခု သတ်မှတ်ထားပါတယ်။(အတို=နက်.ညို.နီ.မော်.၀ါ.စိမ်း.ပြာ.ရမ်း.ခိုး.ဖြူ)

ရီစစ္စတာရဲ့ ကိုယ်ထည်ပေါ်မှာ ဖော်ပြထားတဲ့ အရောင်လိုင်းတွေရဲ့ တန်ဖိုးသတ်မှတ်ချက်တွေကို သိရှိပီးပီဆိုတော့ ရီစစ္စတာတစ်လုံးရဲ့ ခုခံမူတန်ဖိုးကို တွက်ကြည့်ကြရအောင်ဗျာ။ အရောင်လိုင်း လေးလိုင်းနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာကို အရင်တွက်ပြပါ့မယ်။
ပထမဆုံး ရီစစ္စတာရဲ့ အရောင်လိုင်းတွေကို အောက်မှာပြထားတဲ့အတိုင်း သတ်မှတ်လိုက်ပါ.......

အဲဒီလို သတ်မှတ်ပီးသွားပီဆိုရင် အောက်က တွက်နည်းလေးအတိုင်း အစားထိုးတွက်ကြည့်ရအောင်........
ပထမလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ပထမ ဂဏန်းအဖြစ်ယူပါ။
ဒုတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း ဒုတိယ ဂဏန်းအဖြစ်ယူပါ။
တတိယလိုင်းရှိ အရောင်ရဲ့ တန်ဖိုး = တန်ဖိုးအတိုင်း သုည(၀) အရေအတွက်ဖြည့်ပါ။
စတုထ္တလိုင်းရှိ အရောင်က ၄င်းရီစစ္စတာရဲ့ အမှားရာခိုင်နှုန်း ဖြစ်ပါတယ်။

အခုပုံမှာပြထားတဲ့ ရီစစ္စတာကို တွက်ကြည့်မယ်ဆိုရင်....(ညို) (နက်) (ညို) ပေါ့ဗျာ...
ပထမလိုင်းအရောင် (အညိုရောင်) = ၁
ပထမ ဂဏန်းအဖြစ် ယူပါဆိုတော့ (၁) ပေါ့ဗျာ...စပီနော်..
ဒုတိယလိုင်း အရောင် ( အနက်ရောင်) = ဝ
ဒုတိယ ဂဏန်းအဖြစ်ယူပါဆိုတော့ ပထမဂဏန်းရဲ့ နောက်ပေါ့ဗျာ..( ၁၀ ) ပေါ့
တတိယလိုင်း အရောင် ( အညိုရောင် ) = ၁
တန်ဖိုးအတိုင်း သုည အရောအတွက်ဖြည့်ပါဆိုတော့.. တန်ဖိုးက (၁) ဆိုတော့ သုညတစ်လုံးပေါ့။
(၁၀) ကို သုည တစ်လုံး ထပ်ဖြည့်လိုက်တော့ ( ၁၀၀ ) ပေါ့ဗျာ..။

အရောင်လိုင်းသုံးလိုင်းကို တွက်လိုက်လို့ ရလာတဲ့ အဖြေက ၄င်းရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးပါ။ခုခံမူတန်ဖိုးကို
Ohm နဲ့ သတ်မှတ်တယ်ဆိုတော့ အပေါ်မှာ တွက်ပြလိုက်တဲ့ ရီစစ္စတာရဲရ ခုခံမူ တန်ဖိုးက 100 Ohm
လို့ အဖြေထွက်ပါတယ်ဗျာ။

ညို နက် ညို = 100 Ohm ပေါ့။
စတုထ္တလိုင်းက အမှားရာခိုင်နှုန်းပါ။ အပေါ်မှာက ရွှေရောင်ဆိုတော့ အမှား ၅% ပေါ့။

ညို နက် ညို ရွှေ = 100 Ohm 5% လို့ အဖြေထွက်လာပါတယ်။ လွယ်တယ်မို့လားဗျ ။ 
2.ယခုနောက်ပိုင်း ခေတ်မီအီလက်ထရောနစ် ပစ္စည်းများတွင် ရီစစ္စတာများကို သေးငယ်သော
အရွယ်အစားဖြင့် ပုံနှိပ်သော နည်းပညာကို အသုံးပြုလာကြပါတယ်။ ၄င်း ရီစစ္စတာများရဲ့
ခုခံမူ တန်ဖိုးကိုလဲ အရောင်များဖြင့် မဟုတ်တော့ပဲ ဂဏန်းများ၊ အက္ခရာများဖြင့် ပြောင်းလဲ
ရေးသားလာကြပါတယ်။ အရောင်လိုင်း ရီစစ္စတာများကဲ့သို့ပင် ဂဏန်းများကို သုံးလုံးဖြင့်
လည်းကောင်း။ ဂဏန်း လေးလုံးဖြင့်သော်လည်းကောင်း ရေးသားဖော်ပြထားပါတယ်။

ဂဏန်း သုံးလုံးဖြင့် ဖော်ပြသော ရီစစ္စတာ တန်ဖိုးတွက်နည်း
ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 101 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမ ဂဏန်းရဲ့ နောက်မှာဆိုတော့ 10 ပေါ့ဗျာ )
တတိယ ဂဏန်း = 1 ( သုည အရေတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 100 ပေါ့ )
ဒါဆို (101) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူ တန်ဖိုးက 100 Ohm လို့ အဖြေထွက်တာပေါ့ဗျာ။
အရောင်လိုင်းတွေနဲ့ထက်တောင် ပိုလွယ်သေးတယ်။

ဂဏန်း လေးလုံးဖြင့် ဖော်ပြထားသော ရီစစ္စတာ တန်ဖိုးတွက်နည်း

ပထမဆုံး(ရှေ့ဆုံး)ဂဏန်းကို ခုခံမူတန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို ခုခံမူတန်ဖိုး တတိယဂဏန်းအဖြစ် ယူပါ။
စတုထ္တဂဏန်းကို သုည(၀) အရေအတွက် ယူပါ။

ဥပမာ။ ။ ( 1001 ) လို့ ရေးထားတယ်ဆိုရင်
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 0 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 10 )
တတိယ ဂဏန်း = 0 ( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ 100 )
စတုထ္တ ဂဏန်း = 1 ( သုည အရေအတွက်ဆိုတော့ သုညတစ်လုံး ထပ်ထည့်လိုက်တော့ 1000 ပေါ့။)
ဒါဆို ( 1001 ) လို့ ရေးထားတဲ့ ရီစစ္စတာရဲ့ ခုခံမူတန်ဖိုးက 1000 Ohm လို့ အဖြေထွက်ပါတယ်။
    1000 Ohm ဆိုတော့ 1 K Ohm ပေါ့။
(ခုခံမူတန်ဖိုးများ 1000 မှ 1000 ကျော်လျင် ကီလိုအုမ်း ဖွဲ့ရပါမယ်။)

ဒီလောက်ဆိုရင် ဂဏန်းတွေနဲ့ ဖော်ပြထားတဲ့ ရီစစ္စတာများကို ခုခံမူတန်ဖိုး
တွက်နိုင်လိမ့်မယ်ထင်ပါတယ် နံပါတ်မပါတဲ့ power resistor လေးတွေကိုတော့ circuit symbol  မှာဘဲ ကြည့်ပြီးသိနိုင်မှာပါ။

 4.resistor တွေကို တိုင်းတဲ့အခါ မှာ circuits ထဲမှာတိုင်းရင် အမှန်ပြဖို့ရာမလွယ်ပါဘူး (အသုံးပြုတဲ့အပေါ်မူတည်ပြီး တချို့နေရာမှာတော့ မှန်းချေတော့ရတတ်ပါတယ်)ဖြုတ်တိုင်း မှသာ သေချာ တာပါ  ခုနောက်ပိုင်း resistor တွေက ပိုတောင်လွယ်လာပါတယ်(ဂဏန်းနဲ့ပြတာကိုး) အခုအသုံးအများဆုံး(phone) Resistor တိုင်းနည်းသိသလောက်ကလေးတင်ပြပေးပါ့မယ်ဗျာ

122 နံပါတ်ပါတဲ့ ဖုန်း ထဲမှာပါတဲ့ resistorလေးကိုတိုင်းကြည့်ရအောင်  
ပထမဆုံး(ရှေ့ဆုံး) ဂဏန်းကို ခုခံမူ့တန်ဖိုး ပထမ ဂဏန်းအဖြစ် ယူပါ။
ဒုတိယဂဏန်းကို ခုခံမူတန်ဖိုး ဒုတိယ ဂဏန်းအဖြစ် ယူပါ။
တတိယဂဏန်းကို သုည(၀) အရေအတွက် ယူပါ။
ပထမ ဂဏန်း = 1
ဒုတိယ ဂဏန်း = 2 ( ပထမဂဏန်းရဲ့ နောက်မှာဆိုတော့ 2)
တတိယ ဂဏန်း = 2( ဒုတိယ ဂဏန်းရဲ့ နောက်မှာဆိုတော့ သုညနှစ်လုံး 00 )
ဒီတော့ 1200 (1200 ohm)ပေါ့
1200 ohm ဆိုတော့ selector ကို (×1 )ထားမလား (×10) ထားမလား (×100)ထားမလား(×1k)ထားမလား(×10K) ထားမလား
(×1)ဆိုတာ 1. ohm တိုင်းလျှင်ကြည့်ရန် မှာ 1 နဲ့ မြောက် တာပါ / (×10)ဆိုတာ 1. ohm တိုင်းရန်ကြည့်လျှင်မှာ 10 နဲ့ မြောက်တာပါ ….
1,2,3,5,10,20,30,50,100,200(ohm တိုင်းရန် မျှားနေရာမှာ)
ဒီတော့ (1) နဲ့ထားတိုင်းမယ်ဆိုရင်အဆုံး 200(ရှိတာက 1200ohm ဆိုတော့) ဘဲ ပြထားတာဆိုတော့ မပြနိုင်ဘူးပေါ ပရင်လည်း 10 ရှော့ ပြနေမှာပေါ့ (တိုင်းလို့မရဘူးပေါ့)
100)နဲ့ တိုင်းထားတိုင်းမယ်ဆိုရင်
200 မှာ 2000(2k) ပြတော့ တိုင်းလို့ရပြီပေါ့  1200 ohm (1.2k)ရှိတဲ့ resistor ကိုတိုင်းချင်ရင် (×100)နဲ့ ထားတိုင်း ရင် 10 နဲ့ 20 ကြားမှာ ပြရမှာပေါ့ တိတိကျကျနီးပါးဆိုရင် 10 နဲ့ 20 ကြားမှာ သေချာ တွက်ကြည့်လိုက်ပါဗျာ
5.နောက်တခုတိုင်းကြည့်ပါ့မယ် 2.2 K (2200 ohm)ရှိတဲ့ resistor လေးပါ.
 meter ရဲ့ အပ်ါဆုံးတန်းမှာ 20 ကျော်(20 နဲ့ 30 ကြား)မှာ ပြရမှာပါ selector ကို ×100 မှာ ထားတိုင်းရမှာပါ selector က ×100 မှာထားတော့ အပ်ါဆုံးတန်းကို 100 နဲ့ မြှောက်ထားတာပေါ့
ဒီတော့ 1 ဆို 100 ohm , 2ဆို 200ohm , 20 ဆိုတော့ 2000 ohm (သို့) 2k ပေါ့
တိုင်းကြည့်လိုက်ရင် 2200 ohm & 2.2k  

အားလုံးအဆင်ပြေကြပါစေ အမှားပါရင်ခွင့်လွတ်ပါ ...pdf file ဖြင့် သိမ်းထားလိုသူများ အောက်မှာ ဒေါင်းလုပ်ဆွဲယူနိုင်ပါတယ်။

                                                   PDF ယူရန်

Credit to All.. &
မင်းညို (စိုင်ပြင်ကြီး)http//www.ourelectronicnote.blogsopt.com
အသေးစိတ်ကြည့် ကြည့်ချင်ရင်  ဒီထဲကိုသွားလေ့လာလိုက်ပါခင်ဗျာ http//www.ourelectronicnote.blogsopt.com

အခြေခံ Battery Phone charger လေးပါ ညဏ်ရှိသလိုအသုံးပြုနိုင်ပါတယ်...

IC 1 = 7805=5v, 7812=4.5v ,7808 =8v (Power transistor or IC)
R1 = 5 Ohm, 2 Watt,(Resistor)Current limitter အတွက်ပါ
C1, C2 = 10uF/ 25V,(condenser)
D1 = 1N4007, 1N4001(အမှားခံအတွက်)
Battery, any 12 volt 
အောက်ကတော့ Circuit Diagram ပုံလေးပါ.

                                 Credit to All...

Analog meter ဖြင့် Condenser တိုင်းနည်း

(သေချာချင်ရင်တော့ဖြုတ်တိုင်းမှသာသေချာတာပါ) 10 k မှာထားတိုင်းရမှာပါ
2.Condenser mic တိုင်းရာတွင် အပေါင်း အနှုတ် သတိထားရပါမည် တကယ်ကောင်းမကောင်းဆိုတာ meter ဖြင့် တိတိကျကျ မသိနိုင်ပါ (ခန်မှန်းချေဘဲရပါတယ်)တိုင်းပြီးကောင်းနေသော်လည်း အသံတိုးချင်း အသံတိမ်နေချင်း စသဖြင့် ဖြစ်နိုင်ပါတယ် လဲလိုက်တာအကောင်းဆုံးပါ
4.phone ထဲမှပါတဲ့ condenser တွေကတော့ အများအားဖြင့် uf တန်ဖိုးနည်းပါတယ် ဒီတော့တိုင်းတော့မယ်ဆိုရင် circuits ထဲမှာတိုင်းမယ်ဆိုရင် မသေချာပါဘူး ဖြုတ်တိုင်းတာတောင် Analog meter နဲ့ ဆိုတောင် ခန့်မှန်းနိုင်ယုံပါ Digital meter နဲ့တိုင်းမှ သေချာ uf တန်ဖိုးကိုတိတိကျကျ သိနိုင်မှာပါ 

5.ပထမဆုံးအနေနဲ့ဖြုတ်ထားတဲ့ condenser ကို meter နဲ့ (အပေါင်းအနှုတ်လက်တံ နှစ်ချောင်းနဲ ထိထားလိုက်ပါ (charge လုပ်လိုက်ရတာပါ ) အောက်ကပုံလေးအတိုင်းပေါ့
တခါတို့လိုက်ရင် ရပါပြီ
 အဲဒီလို တစ်ခါတို့ပြီးရင် ပြောင်းပြန် ပြန်တိုင်းကြည့်လိုက်ပါ 
တိုင်းလိုက်ရင် မျှားလက်တံလေးဟာ အပ်ါမှာပြထားတဲ့ နေရာအတွင်းလောက်မှာပြသွားပြီး ပြန်ကျသွားရမှာပါ။ Disc condenser & miler(အပေါင်း အနှုတ်မရှိပါ) တွေတိုင်းရင်တော့ နှစ်ဘက်လုံးဘာမှပြမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ meter နဲ့မပြနိုင်လောက်အောင် တန်ဖိုးနည်းလွန်းလို့ပါ ဒီတော့ ရှော့ဖြစ်ရင် တော့ မကောင်းဘူးပေါ့
 အောက်ကပုံလေးကိုကြည့်ရုံနဲ့လည်းသိနိုင်ပါတယ်...

 ဒါလေးကတော့ mic condenser လေးတွေပါ..

 အောက်ကပုံလေးကတော့ C 8818 ထဲကပါတဲ့ condenser & capacitor လေးတွေပါ
pdf file ဖြင့်လိုချင် ရင် ဒီမှာ နှိပ်ပါ။
Credit to All....

Transistor ( ထရန်စစ္စတာ )

ထရန်စစ္စတာ တစ်လုံးကို အီလက်ထရောနစ် ပါတ်လမ်းများမှာ ခလုပ်တစ်ခုသဖွယ်သော်လည်းကောင်း၊ အချက်ပြလှိုင်းများကို ပိုမိုကြီးထွားလာအောင် ချဲ့ထွင်ရာတွင်လည်းကောင်း အမျိုးမျိုး အသုံးပြုကြပါတယ်။

ခလုပ်တစ်ခုသဖွယ် အလုပ်လုပ်ပုံ

>>ထရန်စစ္စတာတစ်လုံးကို ဗို့အားပေးသွင်းမထားသော သာမန်အခြေနေမှာ Collector ငုတ်နဲ့ Emitter ငုတ်တို့ဟာ အဆက်အသွယ် မရှိသော အခြေအနေမှာ ဖြစ်ပါတယ်။
>>၄င်း ထရန်စစ္စတာရဲ့ Base ငုတ်ကို 0.6 ဗို့အထက် (သို့မဟုတ်) သတ်မှတ်ထားသော ဗို့အားတစ်ခုကို ပေးသွင်းလိုက်ပါကCollector ငုတ်နဲ့ Emitter ငုတ်တို့ဟာ အဆက်အသွယ်ရှိသွားပါတယ်။
                                        ပုံ (၁)   ထရန်စစ္စတာရဲ့ ဆားကစ် သင်္ကေတပုံပါ။

 >> ထရန်စစ္စတာရဲ့ Base ငုတ်ကို ဗို့အားပေးသွင်းထားခြင်း မရှိသေးချိန်မှာ အထက်ပါပုံအတိုင်း Emitter ငုတ်နဲ့ Collector ငုတ်ဟာ အဆက်အသွယ်မရှိတဲ့အတွက် လျပ်စစ်စီးဆင်းနိုင်ခြင်း မရှိပါလို့ ယျေဘူယျ မှတ်သားနိုင်ပါတယ်။

>> ထရန်စစ္စတာရဲ့ Base ငုတ်ကို 0.6 ဗို့ထက် ကျော်ပြီး ( သို့မဟုတ်) သတ်မှတ်ထားသော ဗို့အားကို ပေးသွင်းလိုက်ပါက Collector ငုတ်နဲ့ Emitter ငုတ်တို့ဟာ ပုံမှာ ပြထားတဲ့အတိုင်း အဆက်အသွယ် ကောင်းမွန်စွာဖြင့် လျပ်စီးကို စီးဆင်းနိုင်ပါတယ်။

PNP အမျိုးစားတွင် ဖြစ်စေ၊ NPN အမျိုးစားတွင်ဖြစ်စေ ခလုပ်အဖြစ် အလုပ်လုပ်ပုံမှာ အထက်ပါအတိုင်း အတူတူပဲ ဖြစ်ပါတယ်။

>> PNP Transistor တွေဟာ Negative (အနုတ်) ဗို့ဖြင့်သာ အဓိက အလုပ်လုပ်တာကြောင့် Base ရဲ့ ပေးသွင်းဗို့ဟာ Negative ( အနုတ်) ဗို့ ဖြစ်ပါတယ်။

>> NPN Transistor တွေဟာ Positive (အပေါင်း) ဗို့ဖြင့်သာ အဓိက အလုပ်လုပ်တာကြောင့် Base ရဲ့ ပေးသွင်းဗို့ဟာ Positive ( အပေါင်း) ဗို့ ဖြစ်ပါတယ်။

Sunday, December 22, 2013

အီလက်ထရောနစ် အခြေခံ

အီလက်ထရောနစ်ပစ္စည်းတွေမှာသုံးထားတဲ့ အခြခံပစ္စည်း ၅ မျိုးရဲ့ အခြေခံ ပါ...
 1.Resistor
 ရီစစ္စတာဆိုတာ ခုခံတားဆီးတဲ့ လျှပ်တားပစ္စည်းငယ်တစ်မျိုးပါ လျှပ်စစ်ပတ်လမ်းတစ်ခုမှာ ဗို့အားစီးဆင်းရာ လမ်းကြောင်းနဲ့ အချက်ပြလိုင်း(siginal) စီးဆင်းရာ လမ်းကြောင်းတွေမှာ circuit ဖန်တီးသူမှ လိုအပ်သလိုလျှော့ချနိုင်ဖို့ အတွက် အသုံးပြုထားတာပါ အီလက်ထရောနစ် curcit တွေမှာ အသုံးအများဆုံးပစ္စည်းတခုပါ
 2.Condenser & Capacitor
 ကွန်ဒင်ဆာဆိုတာ လျှပ်စီးကြောင်း ပမာဏကို သိုလှောင်ထိန်းသိမ်း ပြီး တဖြည်းဖြည်း ပြန်လည်ထုတ်ပေးတဲ့ လျှပ်လှောင်(သို့)လျှပ်သို ပစစ္စည်းငယ်တစ်မျိုးပါ အီလက်ထရောနစ်ပစ္စည်းများမှာ ဗို့အားပေးပိုင်းတွေမှာ လျှပ်စီးကိုသိုလှောင်သိမ်းဆည်းပေးခြင်းနဲ့လိုအပ်သလို ပြန်လည်ထုတ်ပေးခြင်းတွေကို အထူးသဖြင့်ဆောင်ရွက်ပေးပြီး အချက်ပြလှိုင်းတွေကို circuit အစိတ်အပိုင်းတစ်ခုမှ အခြားအစိတ်အပိုင်း တစ်ခုသို့ ချိတ်ဆက် ပို့ဆောင်ပေးတဲ့ အလုပ်ကိုလုပ်ဆောင်ရာမှာလည်းအသုံးပြုပါတယ်
 3.Diode
 ဒိုင်အုပ်ဆိုတာ တစ်ပိုင်းလျှပ်ကူးပစစ္စည်းတစ်မျိုးပါ လျှပ်စီးအသွင် ပြောင်းခြင်းကိုလုပ်ဆောင်ပေးတဲ့ အီလက်ထရောနစ်ပစ္စည်း တစ်မျိုးပါ ဘဲ ဒိုင်အုပ်ကို အီလက်ထရောနစ် circuit တွေမှာAC ဗို့အားကို DC ဗို့အား အသွင်ပြောင်းခြင်း တစ်ဖက်ဆီးအဖြစ်အသုံးပြုခြင်းအမှားခံနေရာတွေမှာ အသုံးပြုခြင်းတွေနဲ့ RF Frequency မှ AF Frequency ပြောင်းတဲ့နေရာတွေမှာလည်းအသုံးပြုပါတယ်
 4.Transistor 
ထရန်စစ္စတာ ဆိုတာ လျှပ်စီး အချက်ပြလှိုင်းတွေကိုချဲ့ထွင်ပေးတဲ့ အီလက်ထရောနစ်ပစစ္စည်းတစ်မျိုးပါ circuit တွေမှာ လျှပ်စီးကြောင်း (siginal) အချက်ပြလှိုင်းအမျိုးမျိုးတွေကို လိုသလို ချဲ့ထွင်ရာမှာ အသုံးပြုကျပါတယ် 5.IC &Integrated circuit အိုင်စီဆိုတာ သူ့အတွင်းမှာ ထရန်စစ္စတာ အပါအ၀င် အခြားအီလက်ထရောနစ်ပစစ္စည်းပေါင်း များစွာ နဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ပစ္စည်းပါ