Showing posts with label အထွေထွေဗဟုသုတ. Show all posts
Showing posts with label အထွေထွေဗဟုသုတ. Show all posts
Monday, February 10, 2014
အရေပြား ကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ် နေသော တက်တူးထိုးခြင်း
လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။
နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။
“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။
ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင် ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။
အားလုံးအဆင်ပြေကြပါစေ.....
(တောင်သာ) အောင်လေး.....
နှလုံးရောဂါ တိုက်ခိုက်မှုဒဏ်ကို ၅၀%ပိုခံရစေနိုင်သည့် အိပ်ဆေးများ
အိပ်ဆေး (sleeping pills) များကို သောက်သုံးနေသူများဟာ နှလုံးရောဂါ တိုက်ခိုက်မှုကို သာမန် လူတွေထက် ၅၀%ပိုခံရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ ထုတ်ဖော်ခဲ့တဲ့ အိပ်ဆေးအမည်ကတော့ zolpidem့ ဖြစ်ပြီး ဗြိတိန်ဈေးကွက်မှာ stilnoct ဆိုတဲ့နာမည်နဲ့ ၀ယ်ယူရ ရှိနိုင်ပါတယ်။
zolpidem ဟာ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နှလုံးပြဿနာတွေကို ဖြစ်ပွားစေမှုဟာ တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဗြိတိန်ဆေးပညာ သုတေသီတွေက ပြောကြားထားပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ဆေးပမာဏ တစ်နှစ် 35 mgလောက် ကိုယ်ခန္ဓာထဲကို ရောက်ရှိသွားရင် နှလုံးရောဂါဖြစ်ပွားဖို့ ၂၀%နီးစပ်နေပါတယ်။ တကယ်လို့ ဆေးပြား ၆၀ ပမာဏလောက် သောက်သုံး နေရမယ်ဆိုရင်တော့ နှလုံးရောဂါ တိုက်ခိုက်မှု ဒဏ်ခံရဖို့ ၅၀%နီးစပ်နေတယ်လို့ ဒီသုတေသနမှာ ဖော်ထုတ်ထားခဲ့ပါတယ်။
ဒီလေ့လာမှုကို ကမ္ဘာ့အကြီးဆုံး နှလုံးရောဂါဆိုင်ရာ ကွန်ဖရင့်မှာ စာတမ်းတင်သွင်းခဲ့တာဖြစ်ပြီး ဆေးဝါး နဲ့ နှလုံးပြဿနာ ဆက်စပ်နေမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက အခုလိုထုတ်ဖော်ထားပေမယ့် zolpidem ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီ ဆက်စပ်မှုကို ငြင်းဆိုထားပါတယ်။ အခုလေ့လာမှုကို ဗြိတိန်နိုင်ငံသား ၅၀၀၀ ကျော်ကို သုတေသနပြုထားတာဖြစ်ပါတယ်။
Friday, January 24, 2014
အစာမ၇ှိသောအစာအိမ်အတွက်ေ၇သောက်ပေးပါ
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ
ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး
လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။
ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။
ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။
လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -
၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။
၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။
၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။
၎။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။ အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။ ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..

(တောင်သာ) အောင်လေး........
Subscribe to:
Posts (Atom)