Monday, February 10, 2014

အရေပြား ကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်စပ် နေသော တက်တူးထိုးခြင်း


လူငယ်များ အကြားတွင် ခေတ်စားနေသော တက်တူး ထိုးခြင်းသည်
အရေပြား ကင်ဆာ ဖြစ်ပွားမှု နှုန်းကို မြင့်တက် စေကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြ ထားသည်။ တက်တူး ထိုးရာတွင် အသုံးပြုသော ဆေးရည်သည် အရေပြား ကင်ဆာကို ဖြစ်စေနိုင်သော ပစ္စည်းများ ပါဝင် နေသည်ဟု သိရသည်။ အထူးသဖြင့် အပြာရောင်ခြယ် တက်တူး မင်သည် တက်တူး ထိုးသူများနှင့် ထိုးနှံ ပေးသော သူများ အကြိုက် အရောင် တစ်မျိုး ဖြစ်ပြီးကို ဘော့သတ္ထုနှင့် အလူ မီနီယမ်များ ပါဝင် နေသည်။

နယူး ဒေလီမြို့ BLK ဆေးရုံ၊ အရေပြား အထူးကုဌာနမှ Dr. D.J.S Tula တက်တူးနှင့် ကိုယ်ခန္ဓာ အပေါက်ဖောက်သော ကိရိယာများသည် လူ့သွေးများမှ တစ်ဆင့် ကူးစက်သော ရောဂါများ ရရှိနိုင်ချေ များကြောင်း၊ သွေးမှ တစ်ဆင့် ကူးစက် တတ်သော HIV၊ အသည်းရောင် အသားဝါ B,Cနှင့် အရေပြား ကင်ဆာ ရောဂါ အချို့ကို ရရှိနိုင်ကြောင်း၊ အရေပြား ကင်ဆာ များတွင် မှဲ့ကင်ဆာနှင့် Squamous cell carcinoma တို့ ပါဝင်ကြောင်း၊ တက်တူး ထိုးသူတိုင်း အဆိုပါ ရောဂါများကို ရရှိနိုင်သည်ဟု မဆိုလိုဘဲ အသုံးပြုသော တက်တူး မင်အမျိုးအစား၊ တက်တူး ထိုးသော ကိရိယာ၊ လုပ်ငန်းစဉ် များ၏ ပိုးသတ် ထားမှု ရှိမရှိက အဓိကကျ ကြောင်းကို ရှင်းပြ ထားသည်။

“တက်တူးထိုးတဲ့ မင်မှာ တစ်ခါတလေ အာဆင်း နစ်တွေ ထည့်သွင်း ထားတတ် ပါတယ်။ ထိုးနှံ သူကတော့ မသိတဲ့ အတွက် အရေပြား ကင်ဆာ ဖြစ်ဖို့ အခွင့်အလမ်းများ နေပါတယ်။ နောက်ပြီး မှဲ့ရှိတဲ့ နေရာတွေ နားမှာလည်း တက်တူး မထိုး သင့်ပါဘူး တကယ်လို့ တက်တူး ထိုးထားတဲ့ နေရာ အနီးတ၀ိုက်မှာ ပုံမှန် မဟုတ် ဘဲမှဲ့တွေ ပေါ်လာပြီဆိုရင် အရောင်၊ အရွယ် အစား၊ ပုံသဏ္ဌာန်၊ အနားသတ် ပုံစံတွေကို သေချာ စစ်ဆေးဖို့ လိုပါတယ်။ တကယ်လို့ သေချာ မကြည့်ဘဲ ပေါ့ပေါ့ဆဆပဲ ထားမယ်ဆိုရင် မှဲ့ကင်ဆာနဲ့ အခြား အရေပြား ကင်ဆာ တွေကို အချိန်လွန်မှ သိတာမျိုး ဖြစ်သွား နိုင်ပါတယ်ဟု ကင်ဆာ ရောဂါ အထူးကု ဆရာဝန် Dr.Amit Kumarက အကြံ ပေးထားသည်။

ထို့ပြင် တက်တူး ဖျက်ခြင်းတွင်လည်း ဆိုးကျိုးများ ရှိနေကြောင်း၊ အရေပြား အရောင် ဖျော့သွားခြင်း (hypo pigmentation)၊ ရင့်သွားခြင်း (hyper pigmentation) များ ရလာ နိုင်ကြောင်း သိရသည်။ ကျွမ်းကျင်သော တက်တူး ထိုးပေးသူများ ထံသာ သွားသင့်ကြောင်း၊ progessional tattooistသည် အော်ဂဲနစ် မင်ကိုသာ အသုံးပြု ကြကြောင်း၊ ဈေးပေါပေါ သုံးထားသော တက်တူးများတွင် အာဆင်းနစ်၊ ကိုဘော့နှင့် အလူမီနီယမ် ကဲ့သို့သော အရေပြား ကင်ဆာ ဖြစ်စေနိုင်သည့် ဓာတ်များ ပါဝင် နေကြောင်းကို ယခု လေ့လာမှုတွင် ဖော်ပြ ထားသည်။
အားလုံးအဆင်ပြေကြပါစေ.....
(တောင်သာ) အောင်လေး.....

နှလုံးရောဂါ တိုက်ခိုက်မှုဒဏ်ကို ၅၀%ပိုခံရစေနိုင်သည့် အိပ်ဆေးများ



အိပ်ဆေး (sleeping pills)  များကို သောက်သုံးနေသူများဟာ နှလုံးရောဂါ တိုက်ခိုက်မှုကို သာမန် လူတွေထက် ၅၀%ပိုခံရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ ထုတ်ဖော်ခဲ့တဲ့ အိပ်ဆေးအမည်ကတော့ zolpidem့ ဖြစ်ပြီး ဗြိတိန်ဈေးကွက်မှာ stilnoct  ဆိုတဲ့နာမည်နဲ့ ၀ယ်ယူရ ရှိနိုင်ပါတယ်။

zolpidem ဟာ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နှလုံးပြဿနာတွေကို ဖြစ်ပွားစေမှုဟာ တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဗြိတိန်ဆေးပညာ သုတေသီတွေက ပြောကြားထားပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ဆေးပမာဏ တစ်နှစ် 35 mgလောက် ကိုယ်ခန္ဓာထဲကို ရောက်ရှိသွားရင် နှလုံးရောဂါဖြစ်ပွားဖို့ ၂၀%နီးစပ်နေပါတယ်။ တကယ်လို့ ဆေးပြား ၆၀ ပမာဏလောက် သောက်သုံး နေရမယ်ဆိုရင်တော့ နှလုံးရောဂါ တိုက်ခိုက်မှု ဒဏ်ခံရဖို့ ၅၀%နီးစပ်နေတယ်လို့ ဒီသုတေသနမှာ ဖော်ထုတ်ထားခဲ့ပါတယ်။

ဒီလေ့လာမှုကို ကမ္ဘာ့အကြီးဆုံး နှလုံးရောဂါဆိုင်ရာ ကွန်ဖရင့်မှာ စာတမ်းတင်သွင်းခဲ့တာဖြစ်ပြီး ဆေးဝါး နဲ့ နှလုံးပြဿနာ ဆက်စပ်နေမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက အခုလိုထုတ်ဖော်ထားပေမယ့် zolpidem ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီ ဆက်စပ်မှုကို ငြင်းဆိုထားပါတယ်။ အခုလေ့လာမှုကို ဗြိတိန်နိုင်ငံသား ၅၀၀၀ ကျော်ကို သုတေသနပြုထားတာဖြစ်ပါတယ်။

Playstore မှ ဒေါ်လာနဲ့ ၀ယ်ရတဲ့ Andriod Game တွေကို Free ဒေါင်းချင်တဲ့ သူငယ်ချင်းတွေ အတွက်



ဒီနေ့ သူငယ်ချင်းများကို Andriod Game ကို 99% Free ဒေါင်းလို့ရတဲ့ ဆိုဒ်ကို လမ်းညွှန်ပေး လိုက် ပါမယ်။ တကယ်ကို Free ဒေါင်းလို့ရတာနော်။ Playstore မှာ ဒေါ်လာနဲ့ ပေးဝယ်ရလို့ HD Game တွေ ယူမရပဲ စိတ်ညစ်နေတဲ့ Game ၀ါဒနာရှင်တွေအတွက် အရမ်းကို အသုံးဝင်စေမှာပါ။ လင့်သေ တာတွေ ဒေါင်း မရတာတွေ မရှိပါဘူး။

အဲဒီဆိုဒ်ရဲ့ ညာဘက်အပေါ်က Scarch နေရာမှာ ကိုလိုချင်တဲ့ Game နာမည်ကိုရိုက်ထည့်လိုက်တာနဲ့ တန်း ဒေါင်းလို့ရပါတယ်။ HD Game တွေဆိုရင် 1.5 GB, 1.6GB လောက်ရှိတဲ့ Game တွေတောင် Data ဖိုင်ပါအပြည့်စုံတင်ထားပေးတာမို့ အမ်းကိုအဆင်ပြေစေမှာပါ။ အောက်ကလင့်မှာ ၀င်ပြီး လိုချင်တဲ့ Game ကို စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။

                              http://android.mob.org/

အားလုံးအဆင်ပြေကြပါစေ.....
(တောင်သာ) အောင်လေး.......

Kaspersky TDSSKiller v3.0.0.22 Full Version



Kaspersky ကတော့ Antivirus တွေထဲမှာ နာမည်အကြီးဆုံး Software တစ်ခုလို့ပြောရင်မမှားပါဘူး။ အခု လည်း Kaspersky ကနေထုတ်ထားတဲ့ Kaspersky TDSSKiller ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီကောင်လေး က ဖိုင်ဆိုဒ်သေးသေးလေးနဲ့ Virus များကိုထိထိရောက်ရောက် သတ်နိုင်ပါတယ်။ Small Powerful Tool လို့ သုံးနှုန်းထားပါတယ်။ Kaspersky TDSSKiller အနေနဲ့ အဓိကသတ်နိုင်တာတွေကတော့ Malware , Rootkit , Win32 , TDSS , Bootkist , Trojan , အစရှိတဲ့ ပြသာနာရှာတက်တဲ့အကောင်တွေကို သတ်နိုင်ပါတယ်။ 32bit နဲ့ 64bit အားလုံးမှာအလုပ်လုပ်ပါတယ်။ File Size သေးသေးလေးနဲ့ အသုံးပြုရတာ ပေါ့ပေါ့ပါးပါးရှိတဲ့အ တွက် အခြားသော Antivirus များနဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်ဗျာ။ စက်ကိုလေးလံသွားခြင်းမရှိပါဘူး။ Portable Version လေးတင်ပေးထားတဲ့အတွက် ပိုပြီးအဆင်ပြေစေပါတယ်ဗျာ။ အသုံးပြုပုံကိုလည်းအောက်မှာ ပုံနဲ့တကွရှင်းပြပေးထားပါတယ်ဗျာ။

Friday, February 7, 2014

MPT Net Setting v1.0 for Android



မြန်မာ့ဆက်သွယ်ရေးရဲ့ ဖုန်းတွေဖြစ်တဲ့ GSM/WCDMA ဖုန်းတွေရဲ့Internet Setting များကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အင်တာနက် setting များကို auto ဖြည့်ပေးမယ့် MPT Net Setting ဆော့ဝဲလေးကိုရေးသားလိုက်ပါတယ်။ Android ဖုန်းတွေအတွက်ပါ။ အရင်က APN Insert ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး အခုတော့ MPT Net Setting ဆိုတဲ့နာမည်နဲ့ ဒီဆော့ဝဲလေးကိုပြန်လည်ပြင်ဆင်ရေးသားထားပါတယ် ။ GSM/WCDMA ဖုန်းတွေရဲ့ internet setting တွေကို ခလုတ်တစ်ချက်နှိပ်ရုံနဲ့ setting ထည့်ပြီးဖြစ်စေမှာပါ။  MPT Net Setting v1.0 for Android ကို အောက်က link မှာရယူနိုင်ပါပြီ။


Download<<< d-h.st
အဆင်ပြေကြပါစေ။