Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Sunday, January 5, 2014

♣♣♣♣♣ ။♣ ♣ ♣ ။ ရင်ထဲကဆူး ။ ♣ ♣ ♣ ။ ♣♣♣♣♣

အိမ်မက်သည်......ကဗျာ...။

ကဗျာသည်.......အသက်...။

စိတ်ကူးတွေ...အချစ်ဖြစ်ပါစေသား...။



သူသည် အချစ်...။

သူ့ အချစ်သည်.. ငါ့ ကမ္ဘာ...။

သူ့ ပါးလေး နမ်းရှိုက်မိပါစေသား...။



အနမ်းသည်က ...ပန်း

ပန်းလေးလိုက လှသည်

သူ့ အချစ်တွေရင်မှာဆူးနှစ်ပါစေသား။

(တောင်သာ) အောင်လေး
www.taungthasoftwaremaster.blogspot.com,

ရည်ရွယ်ရာ

Picture

Monday, December 30, 2013

ကဗျာများ


`အချစ်ဆုံး´
ဝေးနေတုန်းကလည်း ဝေးလို့မို့ ချစ်နေမိတာပဲ...
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ...
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ...

`အိမ်မက်ချစ်သူ´
အိမ်မက်တွေထဲမှာ အမြဲစိုးမိုးနေသူလေးရယ်...
တစ်ညတစ်လေလည်းမဟုတ်၊ ညတိုင်းညတိုင်း မင်းပဲ စိုးမိုးနေတယ်။
အိမ်မက်တိုင်းမှာ မင်းဟာ မပါမဖြစ်ပဲ...
နေ့ဘက်အိပ်လည်း မင်းပဲ၊
ညဘက်အိပ်လည်း မင်းပဲ၊
ဘယ်အချိန်အိပ်အိပ် မင်းနဲ့ တိုးတာပဲ ချစ်သူ...
မင်းနဲ့တွေ့ချင်လို့ ငါအိပ်ရာကို စောစောဝင်ရတာကိုက အကျင့်တစ်ခု၊
ကြာကြာလေး မင်းနဲ့တွေ့ရဖို့ အိပ်ရာနောက်ကျထရတာကလဲ တစ်ခု၊
အိမ်မက်မက်နေရင်း မင်းနာမည်ကို ယောင်ပြီးအော်မိတာက တစ်ခု၊
ငါ အိပ်ငိုက်နေရင်တောင် မင်းကရောက်လာတတ်တာ၊
ဘာကြောင့်လဲ ချစ်သူ...


ကျွန်တော်တင်သမျှကို Facebook ကနေဖတ်ချင်ရင် ဒီမှာ Likeလုပ်ပေးပါ.......
တောင်သာက သူငယ်ချင်းများ (တောင်သာသူ/သားများဆုံဆည်းရာ) မှာGroup ၀င်ချင်ရင် ဒီကိုနှိပ်ပေးပါ.....
အားလုံးအဆင်ပြေကြပါစေ............
(တောင်သာ) အောင်လေး

ကဗျာများ

ချစ်ချင်လို့ အပြစ်မမြင်ခဲ့တာလား
အပြစ်မမြင်လို့ ချစ်ချင်ခဲ့တာလား
ငါ့ကိုယ်ငါ ဝေခွဲမရပေမယ့်
အသေအချာတော့

ငါချစ်ခဲ့တယ်။ ချစ်သူ
တစ်ခဏစာတောင်မတွေးဘဲ
တစ်ဘ၀စာအရေးအတွက်
တွေးတောမျှော်မြင်လို့

ရှောင်ပေးခဲ့တယ် ချစ်သူ
နောက်ဆုံးတော့ နင့်ရန်သူအဖြစ်
ခံယူပြစ်လို့ ငါ့ကိုမုန်းလည်း
ရင်ထဲက တခမ်းတနားနဲ့ မင်္ဂလာကိတ် 
နင်သာ မနှိပ်စက်ခဲ့ရင်
ထက်ခြမ်းမကွဲလောက် သေးပါဘူး
နင်သဘောကျ နေသွားပြပါ့မယ်
တစ်ဦးပစ်မှတ် တစ်ဦးဖြစ်လို့
….. ငါ ….. 
ရင်ကွဲရတယ် ချစ်သူ...

ကဗျာများ

 
တစ်ခါမှ မတွေးခဲ့မိတာက
အချစ်က အရာရာကို ပြောင်းလဲပေးနိုင်တယ်ဆိုတာပဲ

တစ်ခါက ငါအကြိုက်ဆုံးဆိုတဲ့ အစားအစာတွေတောင်
နင်မကြိုက်ဘူးဆိုတဲ့အတွေးနဲ့
ငါ လှည့်မကြည့်တတ်တော့ဘူး

တစ်ခါက ငါမုန်းပါတယ်ဆိုတဲ့
အရာတွေလည်း နင့်သဘောကျ
ငါနှစ်သက်တတ်နေပြီ

ချစ်သူရေ ငါတွေးဖူးတာက
ငါ့ကိုယ်ငါ ဖယောင်းမဟုတ်ဘူးဆိုပြီး မာကြောခဲ့တာလေ
ခုတော့် ငါက ဖယောင်းလူသား လုံးဝဖြစ်နေပြီ

အရာရာ နင့်စိတ်တိုင်းကျ
အရာရာ နင့်အလိုကျ
အရာရာ နင်ဖြစ်ချင်သမျှ
ငါဖြည့်ဆည်းပေးချင်တယ်ဆိုတာပဲ ရှိတော့်တယ်
ချစ်သူရယ်
ဘယ်သူတွေဘယ်လိုပြောင်ပြောင်း
ငါခေါင်းမရွှေ့ပဲ
နင့်ကိုပဲချစ်နေမယ်နော်

ကဗျာများ










ကျွန်တော်တင်သမျှကို Facebook ပေါ်ကဖတ်ချင်ရင် ဒီမှာLike လုပ်ပေးပါ
တောင်သာ ကသူငယ်ချင်းများ (တောင်သာသူ/သားများ ဆုံဆည်းရာ)မှာ Group ၀င်ချင်ရင်
ဒီမှာနှိပ်ပေးပါ.........
အားလုံးအဆင်ပြေကြပါစေ........
(တောင်သာ) အောင်လေး

သပြေပင်အိုဘ၀ နဲ့ပဲရှင်ပါရစေ