Monday, February 10, 2014

နှလုံးရောဂါ တိုက်ခိုက်မှုဒဏ်ကို ၅၀%ပိုခံရစေနိုင်သည့် အိပ်ဆေးများ



အိပ်ဆေး (sleeping pills)  များကို သောက်သုံးနေသူများဟာ နှလုံးရောဂါ တိုက်ခိုက်မှုကို သာမန် လူတွေထက် ၅၀%ပိုခံရနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုမှာ ထုတ်ဖော်ခဲ့တဲ့ အိပ်ဆေးအမည်ကတော့ zolpidem့ ဖြစ်ပြီး ဗြိတိန်ဈေးကွက်မှာ stilnoct  ဆိုတဲ့နာမည်နဲ့ ၀ယ်ယူရ ရှိနိုင်ပါတယ်။

zolpidem ဟာ အသက် အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ နှလုံးပြဿနာတွေကို ဖြစ်ပွားစေမှုဟာ တဖြည်းဖြည်း မြင့်မားလာနေတယ်လို့ ဗြိတိန်ဆေးပညာ သုတေသီတွေက ပြောကြားထားပါတယ်။ တစ်နှစ်တာကာလအတွင်းမှာ ဆေးပမာဏ တစ်နှစ် 35 mgလောက် ကိုယ်ခန္ဓာထဲကို ရောက်ရှိသွားရင် နှလုံးရောဂါဖြစ်ပွားဖို့ ၂၀%နီးစပ်နေပါတယ်။ တကယ်လို့ ဆေးပြား ၆၀ ပမာဏလောက် သောက်သုံး နေရမယ်ဆိုရင်တော့ နှလုံးရောဂါ တိုက်ခိုက်မှု ဒဏ်ခံရဖို့ ၅၀%နီးစပ်နေတယ်လို့ ဒီသုတေသနမှာ ဖော်ထုတ်ထားခဲ့ပါတယ်။

ဒီလေ့လာမှုကို ကမ္ဘာ့အကြီးဆုံး နှလုံးရောဂါဆိုင်ရာ ကွန်ဖရင့်မှာ စာတမ်းတင်သွင်းခဲ့တာဖြစ်ပြီး ဆေးဝါး နဲ့ နှလုံးပြဿနာ ဆက်စပ်နေမှုကို မီးမောင်းထိုးပြနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေက အခုလိုထုတ်ဖော်ထားပေမယ့် zolpidem ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီ ဆက်စပ်မှုကို ငြင်းဆိုထားပါတယ်။ အခုလေ့လာမှုကို ဗြိတိန်နိုင်ငံသား ၅၀၀၀ ကျော်ကို သုတေသနပြုထားတာဖြစ်ပါတယ်။

No comments: