နှစ်ခုကနေတစ်ဆင့် နှာခေါင်းထဲ ၀င်ရောက်ပြီး နှာခေါင်းအတွင်းဘက်
တစ်သျှူးတွေကို စွတ်စိုသွားစေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငိုတဲ့အခါ
နှာရည်တွေပါ ထွက်လာတာပါ။ ငိုတဲ့အခါ ဒါမှမဟုတ် မျက်လုံးထဲ တစ်ခုခု
ဝင်ရောက်တဲ့အခါမျိုးမှာ ပုံမှန်ထက် မျက်ရည်ပိုထွက် လာတတ်တာကြောင့်
အငွေ့ပျံရုံ၊ မျက်ရည်လမ်းကြောင်းထဲ စီးဝင်ရုံနဲ့ မလုံလောက်တော့တဲ့အတွက်
မျက်လုံးအပြင်ကို မျက်ရည်အဖြစ် လှိမ့်ဆင်းလာတာပဲ ဖြစ်ပါတယ်။
ဝမ်းနည်းလို့ပဲဖြစ်ဖြစ်၊ ၀မ်းသာလို့ပဲဖြစ်ဖြစ်၊ နာကျင်လို့ပဲဖြစ်ဖြစ်
ဘာကြောင့် မျက်ရည်ကျရသလဲဆိုတာကို သိပ္ပံပညာရှင်တွေက သေချာ
အဖြေရှာမရသေးပါဘူး။ ဒါပေမယ့် ငိုကြွေးခြင်းက နက်နက်ရှိုင်းရှိုင်း ခံစားရတဲ့
ခံစားချက်တွေကို ဖော်ထုတ်ပေးသလို စိတ်ဖိစီးမှုတွေ၊ စိတ်တင်းကျပ်မှုတွေကိုလည်း
လျှော့ချပေးပါတယ်။ ငယ်စဉ်ကလေးဘ၀ နို့စို့အရွယ်တုန်းက
စကားမပြောတတ်သေးတာကြောင့် ကိုယ် တစ်ခုခု လိုအပ်တာကို တခြားလူတွေသိအောင်
ငိုပြရပါတယ်။ အသက်ကြီးလာတဲ့အခါ ငိုကြွေးခြင်းက ကျွန်မတို့မှာ အကူအညီ၊
နှစ်သိမ့်မှု စသည်တို့ လိုအပ်နေကြောင်းကို စကားလုံးမပါတဲ့ သင်္ကေတတစ်ခု
ဖြစ်နေဆဲပါပဲ။ ကမ္ဘာတစ်ဝန်း နေရာတွေမှာ ဘယ်ဘာသာစကားနဲ့မဆို ပြောဆိုနေပါစေ
ငိုကြွေးခြင်းက လူတိုင်းနားလည်တဲ့ ဘာသာရပ် ဖြစ်နေပါတယ်။
No comments:
Post a Comment